၂၀၂၃ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” “ဂန္ထဝင်အမွေကိုဆက်ခံသွား ရှင်းကျန်းဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ” ကဏ္ဍတွဲ ဗီဒီယိုအတို (အပိုင်း - ၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-02-02 14:13:17


WeChat Image_20230104100756.jpg



“ဆာ့မာ” (Sama) သည် မူလက အာရဗီစကားလုံးဖြစ်ပြီး “မိုးကောင်းကင်”ဟု အဓိပ္ပာယ်ရသည်။ ဝေဂါတိုင်းရင်းသားလူမျိုးများ (Uyghur) ၏ ဆာ့မာအက (Sama Dance) သည် ခက်(ရှ်)ဂါမြို့ (Kashgar) ၌ အစပြုပေါ်ပေါက်လာသည့် ကျေးလက်အကတစ်မျိုးဖြစ်သည်။ ၎င်းအကသည် ကျောင်းတွင်သင်ယူရသည့် အကမျိုးမဟုတ်ဘဲ ဒေသခံပြည်သူများ၏ နေ့စဉ်လူမှုဘဝထဲတွင် ပေါင်းစပ်ရောနှောနေပြီဖြစ်သည်။


ပွဲတော်ချိန်ခါ သို့မဟုတ် ပျော်ရွှင်ဖွယ်ရာ အခါသမယနှင့် အတူဆုံစည်းပျော်မြူးကြသည့် အချိန်များတွင် ဒေသခံများသည် ဆာ့မာအကကို ကခုန်၍ မိမိတို့၏ ပျော်ရွှင်ကြည်နူးမှု စိတ်ခံစားချက်များကို ထုတ်ဖော်ပြသလေ့ရှိကြသည်။