၂၀၂၃ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” “ဆုံစည်းပျော်မြူး တရုတ်နှစ်သစ်ကူး” ဓာတ်ပုံပြိုင်ပွဲလေးကို အားလုံးအတူ ပါဝင်ယှဉ်ပြိုင်ကြပါစို့

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-01-05 12:59:48


WeChat Image_20230105111410.jpg


တရုတ်လူမျိုးများ၏ ရိုးရာပွဲတော်များအနက် အစည်ကားဆုံးဖြစ်သော တရုတ်နှစ်သစ်ကူးပွဲတော် အချိန်အခါသမယ မကြာမီရောက်ရှိလာပါတော့မည်။ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို မိသားစုများ စုံစုံညီညီ၊ မိတ်ဆွေများ သိုက်သိုက်ဝန်းဝန်းဖြင့် ကြိုဆိုကြခြင်းသည်လည်း တရုတ်နှစ်သစ်ကူးပွဲတော်၏ အမှတ်လက္ခဏာတစ်ခုပင် ဖြစ်ပါသည်။ နှစ်သစ်ကူးချိန်ခါကို အတူကြိုဆိုရင်း မိသားစုများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ပျော်ရွှင်ပါစေကြောင်း ဆန္ဒပြုလျက် အားလုံးနှင့်အတူ ပျော်ရွှင်ရသော အခိုက်အတန့်လေးများကို အမှတ်တရ မှတ်တမ်းတင်ထားနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “ဆုံစည်းပျော်မြူး တရုတ်နှစ်သစ်ကူး” ဓာတ်ပုံပြိုင်ပွဲလေးကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါရစေရှင်။ 


၁။ ပြိုင်ပွဲခေါင်းစဉ် 


“နေ့ရက်များကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြသော ပုံရိပ်လေးများ”ကို အဓိကခေါင်းစဉ်ထားရှိပြီး မိသားစု၊ ဆွေမျိုးများနှင့် မိတ်ဆွေများအားလုံးအတူ ကြည်ကြည်နူးနူး တွေ့ဆုံဝိုင်းဖွဲ့၍ တရုတ်နှစ်ကူးကို ကြိုဆိုကြသည့်မြင်ကွင်းကို ထင်ဟပ်ပေါ်လွင်အောင် ရိုက်ကူးရမည် ဖြစ်ပါသည်။ 


၂။ စုပေါင်းဓါတ်ပုံတွင် ပါဝင်နိုင်မည့် လူအရေအတွက်


စုပေါင်းဓါတ်ပုံ ဖြစ်ပါသောကြောင့် လူအရေအတွက် သတ်မှတ်ကန့်သတ်ထားခြင်း မရှိဘဲ ဆွေမျိုးမိသားစုများ၊ မိတ်ဆွေများ စုံလင်သိုက်ဝန်းသော ပုံရိပ်အသွင်ကို ရိုက်ကူးကာ ပေးပို့ပါဝင်နိုင်ပါသည်။ 


၃။ ပြိုင်ပွဲဝင်ဓာတ်ပုံအမျိုးအစားနှင့် စည်းကမ်းသတ်မှတ်ချက်များ


ပြိုင်ပွဲဝင်ဓာတ်ပုံအမျိုးအစားကို ကန့်သတ်ထားခြင်းမရှိဘဲ ပြိုင်ပွဲဝင်များအနေဖြင့် မိမိစိတ်တိုင်းကျ ရိုက်ကူးနိုင်ပါတယ်။ မိသားစု ထမင်းဝိုင်း၊ ခရီးသွားပုံရိပ်များ၊ ပျော်ပွဲရွှင်ပွဲ၊ တွေ့ဆုံပွဲ အစရှိသော တရုတ်နှစ်သစ်ကူးပွဲတော်ချိန်ခါနှင့် သက်ဆိုင်သည့် ပုံရိပ်များဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံကို ပေးပို့ရာတွင် လက်ရာရှင်၏ အမည်နှင့်တကွ မိမိဝင်ရောက်ယှဉ်ပြိုင်ရာဒေသကိုပါ ထည့်သွင်းရေးသားပေးရမည် ဖြစ်ပါသည်။ 


၄။ ပါဝင်ယှဉ်ပြိုင်နိုင်သည့် အသက်အရွယ် 


အသက်အရွယ်ကန့်သတ်ချက် မရှိသောကြောင့် ကလေးငယ်များသာမက လူကြီးလူငယ် မည်သူမဆို ဤအစီအစဉ်ကို စိတ်ပါဝင်စားသူတိုင်း ပေးပို့ပါဝင်နိုင်ပါသည်။


၅။ ပေးပို့နိုင်သည့် နေ့ရက်


 ယခုပို့စ် ကြော်ငြာသောနေ့မှ စတင်၍ လက်ရာများကို ပါဝင်ပေးပို့ ယှဉ်ပြိုင်နိုင်ပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့ နောက်ဆုံးထား ပေးပို့ယှဉ်ပြိုင်နိုင်ပါသည်။ 


၆။ ပေးပို့ယှဉ်ပြိုင်ရမည့်ပုံစံ


ပြိုင်ပွဲဝင်လိုသော ဓာတ်ပုံကို ဇန်နဝါရီလ (၂၈)ရက်နေ့ထက် နောက်မကျစေဘဲ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ Facebook (Chinese Culture Center Yangon)ပို့စ် (https://www.facebook.com/cccyangon/posts/pfbid027TT26H8DzEYSS592d7eZprBQKV2kCyUxPtz3NeMAt6ocCFek71kKhzJNaLMSFQ6xl) ၏ comment box တွင် လာရောက်ပေးပို့ရမည်ဖြစ်ပြီး ယှဉ်ပြိုင်သူ၏ အမည်နှင့် ဒေသကိုပါ တစ်ပါတည်း ပူးတွဲထည့်သွင်းဖော်ပြပေးရန် ထပ်မံနှိုးဆော်လိုက်ပါရစေရှင်။


၇။ ပြိုင်ပွဲဆုလက်ဆောင်နှင့် ဆုလက်ဆောင်ပေးအပ်သွားမည့် အစီအစဉ် 


ဆုလက်ဆောင်များအနေဖြင့် လူကြိုက်အများဆုံးဆု (Popular Choice) - ၃ ဆု၊ အလှဆုံး ဓါတ်ပုံဆု - ၃ ဆု၊ အဆန်းသစ်ဆုံး ဖန်တီးနိုင်မှုဆု - ၃ ဆု တို့ကို ပေးအပ်သွားမည် ဖြစ်ပါသည်။ ရွေးချယ်ခံရသူများအား ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီး ဆုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သွားရန် စီစဉ်ထားရှိပါသည်။  ဆုပေးပွဲသို့ မတက်ရောက်နိုင်သော အခြားမြို့မှ ဆုရပြိုင်ပွဲဝင်များထံသို့လည်း ဆုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို စာတိုက်မှတစ်ဆင့် ပေးပို့သွားမည် ဖြစ်ပါသည်။


၈။ အခြားသတိပြုရန်အချက်များ


(က) ပြိုင်ပွဲဝင်လက်ရာများသည် ပြိုင်ပွဲဝင်၏ မူပိုင်ခွင့်ရှိရန်လိုအပ်ပြီး အခြားမှ ဖော်ပြသုံးစွဲခြင်း မပြုရပါ။

(ခ) ပြိုင်ပွဲနှင့် ပတ်သက်၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။ 


မိမိ၏ ပြိုင်ပွဲဝင်လက်ရာကို မျှဝေရင်း မိတ်ဆွေများအား  Like