၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - ရေမြေသဘာဝ ကျန်းစူးအလှ၊ ရသစုံလင် တူးမြောင်းတစ်လျှောက်တွင်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-27 15:06:07


WeChat Image_20220720101318.jpg



ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်းသည် တရုတ်လူမျိုးများ၏ နှစ်ပေါင်း (၂၅၀၀) သက်တမ်းရှိ ရေကြောင်းပို့ဆောင်ရေးယဉ်ကျေးမှု၏ အဖိုးတန်အမွေအနှစ်ဖြစ်ပြီး တူးမြောင်းယဉ်ကျေးမှုကို ဖြစ်ထွန်းလာစေသည့် အသက်ဇီဝ မူလအစပင်ဖြစ်သည်။ ယင်းသည် တရုတ်လူမျိုးများ၏ မျိုးဆက်ပေါင်းများစွာကို ပြုစုပျိုးထောင်ပေးခဲ့ပြီး ပြည်သူများ၏ လူမှုဘဝ အရာအားလုံးတို့ကို ထမ်းပိုးထားကာ အမျိုးသားရေးစရိုက်လက္ခဏာကို ဖြစ်ထွန်းပေါ်ပေါက်စေ၍ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ပေးထားသော “ရွှေရေကြောင်းလမ်း” ဖြစ်သည်။



ယင်းဗီဒီယိုသည် မဟာတူးမြောင်းကြီးပေါ်ရှိ လှေများအား မက်ခရိုအမြင်ဖြင့် ဇာတ်အိမ်တည်ကာ ဇာတ်လမ်းတစ်ပုဒ်လုံးကို ချိတ်ဆက်ပုံဖော်ထားသည်။ ရှေးခေတ်သစ်သားရွက်လှေ၊ ငါးဖမ်းလှေ၊ ကုန်တင်လှေ၊ အပျော်စီးလှေနှင့် ခရီးသည်တင်လှေများ ကဲ့သို့သော တူးမြောင်းပေါ်၌ ဖြတ်သန်းသွားလာနေကြသည့် လှေအမျိုးမျိုးတို့မှတစ်ဆင့် ယင်းမဟာတူးမြောင်းတစ်လျှောက်ရှိ မြို့များ၏ အလွှာအသီးသီးရှိ ယဉ်ကျေးမှုထူးခြားချက်ဝိသေသများ၊ လူအများစုတို့၏ လူနေမှုပုံစံများနှင့် ခရီးသွားအရင်းအမြစ်များကို ထင်ဟပ်ပေါ်လွင်စွာ တင်ဆက်ထားသည်။



မိုက်ခရိုအမြင်ပိုင်းတွင် ရေလှိုင်းလေးများအား “ရေမြေသဘာဝ ကျန်းစူးအလှ” ဆိုသည့် ခေါင်းစဉ်ကဏ္ဍ၏ အယူအဆနှင့် လိုက်လျောညီထွေရှိစွာ တွဲဖက်တင်ဆက်ထားသည်။ အကြောင်းအရာပိုင်းတွင် ကျန်းစူး (Jiangsu) တူးမြောင်းတစ်လျှောက်ရှိ အော်ပရာအနုပညာ၊ ရိုးရာလက်မှုပညာ၊ ပြည်သူများ၏ လူမှုဘဝ၊ ရိုးရာဓလေ့ထုံးတမ်းနှင့် ခရီးသွားအရင်းအမြစ်များကို စုစည်းပေါင်းစပ်ထားပြီး တူးမြောင်းတစ်လျှောက်ရှိ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ တင်ဆက်ပြသထားသည်။


WeChat Image_20220720101441.jpg