ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ မကြာမီအချိန်တွင် ကျင်းပပြုလုပ်မည့် ပထမဆုံးအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-16 18:43:27


တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာများကို အခြေခံသည့် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်အား ဩဂုတ်လဆန်းပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စတင်ကျင်းပတော့မည် ဖြစ်ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် မြန်မာနိုင်ငံရှိ ကျောင်းများ၊ လုပ်ငန်းများ အစရှိသည့် အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် အခြားနေရာအသီးသီးတို့၌ အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်များကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ဤမှတ်တမ်းရုပ်ရှင်များမှတစ်ဆင့် ပရိသတ်များအား စွဲမက်ဖွယ်ရာ တရုတ်ယဉ်ကျေးမှုများကို ခံစားသိရှိစေပြီး အချင်းချင်း အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


WeChat Image_20220623094012.jpg


ယခုတစ်ခေါက် အစီအစဉ်သည် China Media Group (CMG) မှ ရိုက်ကူးထုတ်လုပ်သည့် အင်္ဂလိပ်ဗားရှင်းဖြင့် တင်ဆက်သော မှတ်တမ်းရုပ်ရှင်ကောင်းများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် မှတ်တမ်းရုပ်ရှင် (၁၄) ကားအား ပြသရင်း သာမန်တရုတ်ပြည်သူတို့၏ အိပ်မက်များ အကောင်အထည်ဖော်ဆောင်ပုံအကြောင်းများကို မြန်မာပရိသတ်များထံ ဝေမျှသွားမည် ဖြစ်ပါသည်။ အကြောင်းအရာများအနေဖြင့် တရုတ်အစားအစာ၊ အမျိုးသားယဉ်ကျေးမှု၊ ဒေသဝိသေသများ၊ လူထုနေထိုင်မှုဘဝနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု စသဖြင့် ပါဝင်ပြီး တရုတ်နိုင်ငံ၏ ပကတိပုံစံ အစစ်အမှန်ကို မြန်မာပရိသတ်များ သိရှိစေရန် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။


တင်ဆက်ပြသမည့် မှတ်တမ်းရုပ်ရှင်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် မှတ်တမ်းရုပ်ရှင်များသည် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျေးလက်ပညာရေး၊ ကပ်ရောဂါတိုက်ဖျက်ရေး၊ ရေလွှမ်းမိုးမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းများ စသည့် အကြောင်းအရာများကို တင်ဆက်ထားပြီး တရုတ်လူမျိုးများ၏ အမျိုးသားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်မှု သမိုင်းလမ်းစဉ် အကောင်အထည်ဖော်ဆောင်ခြင်းအား ဘက်ပေါင်းစုံမှ ပုံဖော်တင်ဆက်ထားပါသည်။


ယခုတစ်ခေါက် အစီအစဉ်သည် “တရုတ်စိတ်ဓာတ်” ကို ဖော်ကျူးထားသည့် ပြောင်မြောက်လှသော မှတ်တမ်းရုပ်ရှင်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် မှတ်တမ်းရုပ်ရှင်များ တင်ဆက်ပြသပြီး ရုပ်ရှင်ကြည့်ရှုခြင်းမှတစ်ဆင့် မိတ်ဆွေဖွဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ဖလှယ်ဆက်ဆံမှု တိုးမြှင့်ခြင်းများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။ တရုတ်နိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများကို တင်ဆက်သည့် တစ်ချိန်တည်းတွင်ပင် မြန်မာပရိသတ်များအား တရုတ်နိုင်ငံ၏ ခေတ်ကာလစိတ်ဓာတ်၊ လူ့ယဉ်ကျေးမှု အတွေးအမြင်နှင့် ခံစားချက်သဘောထားများကို သိမြင်ခံစားစေပြီး တရုတ်နိုင်ငံ၏ အခြေအနေကို လေ့လာသိရှိစေမည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများ၏ အပြန်အလှန် နားလည်မှုနှင့် ရိုးရာမပြတ် ချစ်ကြည်ရေးကို ပိုမိုခိုင်မာနက်ရှိုင်းစေမည် ဖြစ်ပါသည်။


WeChat Image_20220715151446.jpg


မှတ်တမ်းရုပ်ရှင်စာရင်း


ဆင်းရဲနွမ်းပါးမှုပပျောက်ရေး နှင့် ကျေးလက်ပညာရေး


1. Voices from the Frontline: China's War on Poverty

2. A Shot at a Better Future

3. No Child Left Behind


ဖြစ်ရပ်မှန်အတွေ့အကြုံများကို အခြေခံ၍ ဉာဏ်ပညာထက်မြက်မှုနှင့် ကြိုးစားအားထုတ်မှုများဖြင့် သာယာပျော်ရွှင်သော လူနေမှုဘဝကို ဖန်တီးရယူသည့် တရုတ်လူမျိုးများ၏ မဆုတ်မနစ် ကြိုးပမ်းပုံများကို ဖော်ပြတင်ဆက်ထားပါသည်။


တိဗက်နှင့် ရှင်းကျန်း


4. Beyond the Mountains: Life in Xinjiang

5. My New Year


တိဗက်နှင့် ရှင်းကျန်းဒေသရှိ ပြည်သူတို့၏ သာယာပျော်ရွှင်ကြည်နူးဖွယ် ဘဝနေထိုင်မှုအပေါ် ထားရှိသည့် မျှော်လင့်ချက်များကို ဖော်ပြတင်ဆက်ထားပါသည်။


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး


6. Princess of the Beavers

7. Rangers in the Wild


တရုတ်လူမျိုးများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေး၊ လူသားနှင့် သဘာဝတရားတို့ သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်လုပ်ဆောင်ခြင်းလုပ်ငန်းများအတွက် မလျှော့သော ဇွဲ၊ လုံ့လတို့ဖြင့် ကြိုးပမ်းအားထုတ်ပုံများကို ပုံဖော်တင်ဆက်ထားပါသည်။


ကပ်ရောဂါတိုက်ဖျက်ရေးနှင့် ရေလွှမ်းမိုးမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး


8. The Travelling Cinema

9. Racing Against the Coronavirus

10. Facing the Flood


နိုင်ငံတော်အလွှာနှင့် တစ်ဦးချင်းကိုယ်ပိုင် အတွေ့အကြုံများမှတစ်ဆင့် တရုတ်လူမျိုးများ၏ ဇွဲလုံ့လ၊ စည်းလုံးညီညွတ်မှု၊ အမိမြေအား ကာကွယ်စောင့်ရှောက်လိုသည့် မြင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်နှင့် နိုင်ငံချစ်စိတ်များကို မြင်တွေ့နိုင်ပါသည်။


ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုအနုပညာ


11. China Untapped:Changsha

12. Foodwise:Quanzhou

13. Fujian Puppetry

14. Sanxingdui: Rediscovering a Lost Civilisation


ထင်ရှားမြင်သာသော မြို့ပြပုံပြင်ဇာတ်ကြောင်းများကို တင်ဆက်ရင်း အရသာရှိသော စားဖွယ်ရာများကို လေ့လာသိရှိစေပြီး တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းလျှူ(Shu)ယဉ်ကျေးမှုများကို ဖော်ပြတင်ဆက်ထားပါသည်။


WeChat Image_20220715151451.jpg