တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - မြေလွှာတစ်ပြန့် ရွှေဝါသံချပ်၊ တွေ့ဆုံကြမယ် ဂျင်ဂိုတောဝယ်
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-01-02 15:46:24
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဆောင်းရာသီအစအချိန်ဆိုလျှင် ပေကျင်းမြို့ ဆန်းလီထွန်း(Sanlitun)ရှိ ဂျင်ဂိုပင်လမ်းသည် ရှုခင်းအလှ ရှုမျှော်ရန် အကောင်းဆုံးအချိန်သို့ ကျရောက်ပြီ ဖြစ်သည်။ လမ်း၏ဘေးနှစ်ဖက်ရှိ အကိုင်းအလက်၊ သစ်ရွက်များ သိပ်သည်းဝေဆာနေသည့် ဂျင်ဂိုပင်မြင့်များမှာ ရွှေဝါရောင်တဖိတ်ဖိတ် တောက်ပနေပါသည်။ လေပြည်ကလေး ပွတ်အသပ်တွင် ရွှေဝါရောင်သစ်ရွက်များ တလွင့်လွင့် လွန့်လူးကြွေဆင်းနေပြီး မြေပြင်ကို “ရွှေဝါရောင်သံချပ်ကာ” ဖြင့် တန်ဆာဆင်ပေးထားသကဲ့သို့ ဖြစ်နေပါသည်။ ဤသို့ဖြင့် လှပသော ရှုမျှော်ခင်းသည် ခရီးသွားဧည့်သည် အများအပြားအား လာရောက်လည်ပတ်ရန် ဆွဲဆောင်နေပါတော့သည်။