Visiting China Online - ယူနန်၏ “ပွင့်လန်းဝေဆာ ပန်းကမ္ဘာ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-11 12:34:22


ဗီဒီယိုကို ယူနန်တက္ကသိုလ် (Yunnan University) သတင်းအတတ်ပညာကောလိပ် (School of Journalism) ၊ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာဆက်ဆံရေးပညာကောလိပ် (College of International Communication of South and Southeast Asia) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ယူနန်ပြည်နယ်သည် သာလွန်ထူးကဲသော ရာသီဥတုကြောင့် တစ်နှစ်ပတ်လုံး ပန်းများဖြင့် ဝေဆာပွင့်လန်းနေပြီး ၎င်းအခြေအနေနှင့်အတူ ပန်းလုပ်ငန်းသည်လည်း ပေါ်ပေါက်လာခဲ့ပါသည်။ ဤဒေသမှ ပန်းများကို ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း (၅၀) ကျော်နှင့် ဒေသအများအပြားသို့ တင်ပို့ရောင်းချလျက် ရှိပါသည်။


WeChat Image_20211126093308.jpg


ကူမင်း(Kunming)မြို့၊ ဒိုနန်(Dounan)မြို့နယ်ရှိ ပန်းရောင်းဝယ်ရေးဈေးကွက်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ပန်းရောင်းဝယ်ရေးဈေးကွက် ဖြစ်ရုံသာမက အာရှတိုက်၏ ပန်းအရောင်းအဝယ် အများဆုံးသော အခြေစိုက်နေရာလည်း ဖြစ်သည်။



ပန်းရောင်းဝယ်မှုစီးပွားရေးသည် ယူနန်ပြည်နယ်၏ အရေးပါသော တိုးတက်စပြုလာသည့် လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီး ကူမင်း ဒိုနန် (Kunming Dounan) ပန်းရောင်းဝယ်ရေးဈေးကွက်သည်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး ပန်းရောင်းဝယ်ရေးစင်တာ ဖြစ်လာပါသည်။