Visiting China Online - ရင်သပ်ရှုမောဖွယ်ရာ ယူနန်နေ့ရက်တိုင်းမှာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-04 16:02:27


ဗီဒီယိုကို Hezhao Studio မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



“သက်တံရောင်စဉ် ယူနန်မြေ၊ ခရီးသွားသုခ နိဗ္ဗာန်ဘုံ” ဟူ၍ တင်စားသော ယူနန်တွင် ခရီးသွား ရှုမြင်ကွင်းနေရာတစ်ခုသာ ရှိပြီး ၎င်းကို ယူနန်ဟု ခေါ်ပါသည်။


ယူနန်ပြည်နယ်၏ နေ့ရက်တိုင်းသည် အံ့ဩရှုမောဖွယ်ရာများဖြင့် ပြည့်နှက်နေပေသည်။ မနက်ခင်း နေရောင်ခြည်က မေလီ(Meili)နှင်းတောင်ပေါ်သို့ ဖြာကျနေခြင်း၊ နေမင်းကြီးသည် လော်ဖိန်(Luoping) ဆီထွက်မုန်ညင်းစိုက်ခင်းမှ မြင့်တက်ထွက်ပေါ်လာခြင်း၊ အယ်ဟိုင်(Erhai)ကန်၏ ကန်ဖွင့်ပွဲတော်၌ သမ္ဗန်လှေ အများအပြားဖြင့် အပြိုင်အဆိုင် ငါးဖမ်းခြင်း၊ ဆစ်ဆောင်ပန်းနား(Xishuangbanna)ရှိ ကန်လန်ပါ့(Ganlanba)၌ ရေသဘင်ပွဲတော် နွှဲပျော်ခြင်း၊ ရီလား(Yila)မြက်ခင်းပြင်တွင် နွားကျောင်းသားများက တိဗက်နွားများကို အိမ်ပြန်ရန် ကျောင်းသွားခြင်း၊ ချူရှုန်(Chuxiong) မီးတုတ်ပွဲတော် ဆင်နွှဲခြင်းများ………စသဖြင့် သစ်လွင်လှပသော သဘာဝရှုမျှော်ခင်းများနှင့် အသွင်သဏ္ဌာန် စုံလင်သော လူမှုယဉ်ကျေးမှုမြင်ကွင်းများကို အချိန်နှင့်အမျှ ဖော်ထုတ်ပြသနေပါတော့သည်။