၂၀၂၄ ခုနှစ် မဟာတူးမြောင်းကြီး ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-04-12 11:23:41
"Nihao China" - ၂၀၂၄ ခုနှစ် မဟာတူးမြောင်းကြီးခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ အစီအစဉ်ကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးစင်တာနှင့် မဟာတူးမြောင်းကြီးတစ်ကြောရှိ ပြည်နယ်နှင့် မြို့ (၈)ခုဆိုင်ရာ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနတို့မှ ပူးပေါင်းစီစဉ်ပြီး ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ ဇွန်လအထိ တင်ဆက်သွားမည် ဖြစ်ပါသည်။
အစီအစဉ်မိတ်ဆက်
· "သွင်ပြင်သစ် မဟာတူးမြောင်း" ဓာတ်ပုံပြပွဲ
· ကျန်းစူးပြည်နယ်(Jiangsu)ပြည်ပမိတ်ဆက်ခြင်းသီတင်းပတ်
· ပေကျင်းမြို့၊ ထျန်းကျင်းမြို့၊ ဟယ်ပေပြည်နယ်၊ ကျဲ့ကျန်းပြည်နယ်၊ အန်းဟွေးပြည်နယ်၊ ဆန်းတုန်းပြည်နယ်၊ ဟယ်နန်ပြည်နယ် အရင်းအမြစ်များတင်ဆက်ခြင်း
· မဟာတူးမြောင်းကြီးဗီဒီယိုအား ကမ္ဘာတစ်ဝှမ်းတင်ဆက်ခြင်း