၂၀၂၄ ခုနှစ် မဟာတူးမြောင်းကြီးခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - "သွင်ပြင်သစ် မဟာတူးမြောင်း" ဓာတ်ပုံပြပွဲ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-04-13 14:05:16


Image


တရုတ်နိုင်ငံ၏ မဟာတူးမြောင်းကြီးသည် တောင်နှင့် မြောက်ကို သွယ်တန်းထားပြီး ရှေးခေတ်နှင့် မျက်မှောက်ခေတ်ကို ဆက်သွယ်ထားပါသည်။ လွန်ခဲ့သော နှစ်ကာလများစွာကတည်းက တသွင်သွင် စီးဆင်းလာခဲ့သော တူးမြောင်းသည် မြို့ကို ဖြတ်သွားပြီး တောင်နှင့်မြောက်ကို သွယ်ဆက်ပေးရုံသာမက တူးမြောင်းတစ်ကြောရှိ ပြည်သူများ၏ ဘဝနေထိုင်မှုအပေါ် အကျိုးသက်‌ရောက်မှုများစွာ ဖြစ်ထွန်းစေပါသည်။ မဟာတူမြောင်းသည် ရှေးခေတ်တရုတ်နိုင်ငံနှင့် ကမ္ဘာကို ဆက်သွယ်ပေးသည့် ယဉ်ကျေးမှုစင်္ကြံတစ်ခု ဖြစ်ပြီး ယဉ်ကျေးမှုသမိုင်းတွင်လည်း တိုင်းရင်းသားလူမျိုး အချင်းချင်း နှီးနှောဖလှယ်ဆက်ဆံရေးအတွက် များစွာ အထောက်အကူပြုနိုင်ခဲ့သဖြင့် တရုတ်ယဉ်ကျေးမှု၏ လွတ်လပ်ပွင့်လင်းမှုသဘောကိုလည်း ဆောင်ကြဉ်းဖော်ဆောင်ပါသည်။


ယခုဓာတ်ပုံပြပွဲသည် “တူးမြောင်း၏ အလှတရား၊ တူးမြောင်း၏ စွဲမက်ဖွယ်များ၊ တူးမြောင်း၏ စည်ပင်မှုများ” ဟူ၍ ကဏ္ဍ (၃)ရပ် ခွဲထားပြီး တူးမြောင်းတစ်လျှောက် မြို့ပြများ၏ အသွင်စုံလင်သော ယဉ်ကျေးမှုများ နှီးနှောဖလှယ်မှုကို ဖော်ပြကာ မဟာတူးမြောင်း၏ သမိုင်းကာလထဲမှ ယဉ်ကျေးမှုသွင်ပြင်များကိုလည်း ရှုထောင့်အမျိုးမျိုးမှ ဖော်ဆောင်ထားပါသည်။


တူးမြောင်း၏ အလှတရား


Image


တူးမြောင်း၏ စွဲမက်ဖွယ်များ



တူးမြောင်း၏ စည်ပင်မှုများ


Image