၂၀၂၃ ခုနှစ် မြစ်ဝါမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ -မြစ်ဝါမြစ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ် တင်ဆက်ခြင်း - အတွင်းမွန်ဂိုးလီးယားဒေသ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-09-06 16:26:35


“အရောက်လှမ်းလာစေချင် အတွင်းမွန်ဂိုးလီးယားဒေသဆီ” ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ် ဗီဒီယိုမိတ်ဆက်မှု



ဤဒေသသည် စိမ်းစိမ်းစိုစို မြက်ခင်းလွင်ပြင်ဒေသတစ်ခုဖြစ်သကဲ့သို့ မြင်မြင်ရသမျှ ရှုခင်းအလှများမှာလည်း သာယာချမ်းမြေ့ဖွယ်ကောင်းလှပေသည်။ သာယာလှပ အတွင်းမွန်ဂိုးလီးယားဒေသသို့ တစ်ခေါက်တစ်ခါ အရောက်လှမ်းလာဖို့ ဖိတ်ခေါ်ကြိုဆိုပါရစေရှင်။


“မြစ်ဝါမြစ်ဌာနေ” ကဏ္ဍတွဲဗီဒီယိုအတို တင်ဆက်ခြင်း




မြစ်ဝါမြစ်သည် အတွင်းမွန်ဂိုးလီးယားဒေသတွင်းတွင် ၈၄၃.၅ ကီလိုမီတာ အရှည်ရှိပြီး Huhhot ၊ Ordos ၊ Wuhai စသည့် မြို့(၇)မြို့ကို ဖြတ်သန်းစီးဆင်းသည်။ အရှိန်ပြင်းစွာ စီးဆင်းနေသော မြစ်ဝါမြစ်သည် မြက်ခင်းလွင်ပြင်များ၊ သဲကန္တာရများကို ဖြတ်သန်းစီးဆင်းရာမှ ခံ့ထည်လှပသော ရှုမျှော်ခင်းများ ဖြစ်ပေါ်လာပါသည်။