၂၀၂၃ ခုနှစ် မြစ်ဝါမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ -မြစ်ဝါမြစ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ် တင်ဆက်ခြင်း - ချင်းဟိုင်ပြည်နယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-09-06 18:00:57


“ချင်းဟိုင်အလှ” ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး မိတ်ဆက်ဗီဒီယို



ချင်းဟိုင်ပြည်နယ် (Qinghai) သည် တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး “ကမ္ဘာ့ခေါင်မိုး” ဟူ၍ပင် တင်စားခေါ်ဝေါ်ရပေမည်။ ယင်းပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းရေငန်ကန်ဖြစ်သည့် ချင်းဟိုင်ကန်သည် အထူးထင်ရှားကျော်ကြားသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်နှင့် လတ္တီကျုဒီဂရီ စသည့် ပထဝီဝင်အနေအထားသက်ရောက်မှုများကြောင့် ချင်းဟိုင်ပြည်နယ်၏ နွေရာသီမှာ အထူးသာယာကောင်းမွန်ကာ ခရီးသွားလာရန် အကောင်းဆုံးရာသီဖြစ်သည်။ ချင်းဟိုင်ပြည်နယ်တွင် တရုတ်နိုင်ငံ၌သာမက ကမ္ဘာပေါ်ရှိ အကောင်းတကာ့ အကောင်းဆုံးဟု ခေါ်ဆိုနိုင်သည့် ခရီးသွားအရင်းအမြစ်များစွာ တည်ရှိရာ ပြည်နယ်တစ်ခုလည်းဖြစ်သည်။ သာယာလှပသော ချင်းဟိုင်ပြည်နယ်သို့ လာရောက်လေ့လာရန် ဖိတ်ခေါ်ကြိုဆိုပါရစေရှင်။



“စောင့်ထိန်းဝေမျှ မြစ်ဝါမြစ်ယဉ်ကျေးမှုအလှ” မိတ်ဆက်




ဤဗီဒီယိုသည် မြစ်ဝါမြစ်ယဉ်ကျေးမှုကို ဗဟိုပြု၍ ချင်းဟိုင်ပြည်နယ်တွင်း မြစ်ဝါမြစ် မြစ်ဝှမ်းဒေသ၏ ယဉ်ကျေးမှုဇာစ်မြစ်၊ အမျိုးမျိုးသော ယဉ်ကျေးမှုများ၊ ဂေဟစနစ်ဆိုင်ရာ ယဉ်ကျေးမှု၊ ဒေသအထင်ကရများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ အားသာချက်များကို တင်ဆက်ဖော်ပြပါသည်။ ထိုမှတစ်ဆင့် မြစ်ဝါမြစ်ယဉ်ကျေးမှုထိန်းသိမ်း‌ရေး၏ ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ၊ ချင်းဟိုင်ပြည်နယ်၏ ရှည်ကြာသော သမိုင်းကြောင်းယဉ်ကျေးမှု၊ နက်ရှိုင်းသော အနှစ်သာရများနှင့် သဏ္ဌာန်စုံလင်သော ယဉ်ကျေးမှု ထူးခြားချက်များကို လေ့လာသိရှိနိုင်မည် ဖြစ်ပါသည်။