၂၀၂၃ ခုနှစ် မြစ်ဝါမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - မြစ်ဝါမြစ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ် တင်ဆက်ခြင်း-နီရှာ့ဒေသ
နီရှာ့ဒေသ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး မိတ်ဆက်ဗီဒီယို တင်ဆက်ခြင်း
နီရှာ့ဒေသ(Ningxia)သည် တရုတ်နိုင်ငံ အနောက်ဘက်ပိုင်း၏ ဗဟိုချက်နေရာတစ်ခု ဖြစ်ပြီး ရှေးဟောင်းပိုးလမ်းမကြီး၏ အရေးပါသော အချက်အချာနေရာတစ်ခုလည်း ဖြစ်သည်။ တရုတ်လူမျိုးတို့၏ မိခင်မြစ်ဖြစ်သော မြစ်ဝါမြစ်သည် နီရှာ့ဒေသအတွင်းတွင် (၃၉၇) ကီလိုမီတာ အရှည်ရှိပြီး နီရှာ့ဒေသကို အကျိုးများစွာ ဖြစ်ထွန်းစေခဲ့ပါသည်။ ဟယ့်လန်တောင်(Helan)သည် ကီလိုမီတာ (၃၀၀)ကျော် ဆန့်တန်းတည်ရှိနေပြီး အနောက်မြောက်ပိုင်းဒေသအတွက် အရေးပါသော ဂေဟဇုန်တစ်ခု ဖြစ်လာခဲ့ပါသည်။
နီရှာ့ဒေသနှင့် မြစ်ဝါမြစ် ဓာတ်ပုံပြပွဲ
နီရှာ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Ningxia) တွင် သမိုင်းကြောင်းရှည်ကြာသော မြစ်ဝါမြစ်ယဉ်ကျေးမှုများသာမက ခမ်းနားကြီးကျယ်သော သဲကန္တာရရှုမျှော်ခင်းများစွာလည်းရှိသည်။ အနောက်ပိုင်းရှမင်းဆက်ခေတ် (Western Xia) ၏ ရှေးဟောင်းအငွေ့အသက်များ ရှိသကဲ့သို့ ဒေသထူးခြားချက် ရိုးရာဓလေ့များကိုလည်း အပြည့်အဝ တွေ့မြင်ခံစားနိုင်သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ထူးခြားဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသော နီရှာ့ဒေသသည် ရင်သပ်ရှုမောဖွယ် ပန်းချီကားတစ်ချပ်အလား သာယာလှပပေသည်။