၂၀၂၃ ခုနှစ် မြစ်ဝါမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ရှာဖွေရှုစား မြစ်ဝါမြစ်အလှတရား” ဗီဒီယိုများအား ကမ္ဘာတစ်ဝှမ်း တင်ဆက်ခြင်း - “တေးသံသီကြူး မြစ်ဝါမြစ်အလှထူး”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-08-25 17:38:46




မြစ်ဝါမြစ်အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသရှိ ကျေးလက်ရိုးရာ တေးဂီတပညာကို လက်ဆင့်ကမ်းထိန်းသိမ်းသူတို့အား ခြေရာခံလေ့လာပြီး မြစ်ဝါမြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်နယ်ကိုးခုမှ ကျေးလက်ရိုးရာ တေးဂီတအမျိုးအစားနှင့် တေးသီချင်းသရုပ်ဖော်တင်ဆက်ပုံတို့ကို ရုပ်သံမှတ်တမ်းပုံစံဖြင့် တင်ဆက်ပြသထားပါသည်။ မျိုးဆက်သစ်လူငယ်များက ဤအစီအစဉ်မှတစ်ဆင့် ကျေးလက်ရိုးရာတေးသီချင်းတို့ဖြင့် ကိုယ်စားပြုဖော်ကျူးထားသော မြစ်ဝါမြစ်ယဉ်ကျေးမှုနှင့် တရုတ်နိုင်ငံ၏ ထူးခြားကောင်းမွန်သော ရိုးရာယဉ်ကျေးမှုများအပေါ်  စိတ်ဝင်စားလာစေရန် ရည်ရွယ်ပါသည်။ ထို့အပြင် မြစ်ဝါမြစ် မြစ်ကမ်းနှစ်ဖက်ရှိ ကျေးလက်ရိုးရာတေးသီချင်းများ၏ စိတ်ဝင်စားဖွယ် အကြောင်းအရာပုံပြင်များမှတစ်ဆင့် မြစ်ဝါမြစ်ယဉ်ကျေးမှု၏ ပွင့်လင်းမြင်သာမှု၊ အပြန်အလှန် နားလည်လက်ခံပေးနိုင်မှုတို့ကို သိမြင်နိုင်ရုံသာမက ပြည်သူပြည်သားတို့၏ ထူးချွန်တိုးတက်မှုများနှင့် ယနေ့ခေတ်တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါမှုများကိုလည်း ထင်ဟပ်မြင်သာစေပါသည်။