၂၀၂၃ ခုနှစ် မြစ်ဝါမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - “ရှာဖွေရှုစား မြစ်ဝါမြစ်အလှတရား” ဗီဒီယိုများအား ကမ္ဘာတစ်ဝှမ်း တင်ဆက်ခြင်း “မြစ်ဝါမြစ် မြစ်ဝကျွန်းပေါ်ဒေသ”
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-08-25 15:57:17
“မြစ်ဝါမြစ် မြစ်ဝကျွန်းပေါ်ဒေသ” မှတ်တမ်းရုပ်ရှင်သည် အရှေ့တိုင်းအလှရသများစွာ ပါဝင်သော ရိုက်ချက်များဖြင့် မြစ်ဝါမြစ် မြစ်ဝကျွန်းပေါ်ဒေသ၏ သဘာဝအလှတရားများကို ရိုက်ကူးတင်ဆက်ထားပါသည်။ ယင်းမှတ်တမ်းရုပ်ရှင်မှတစ်ဆင့် ဇီဝမျိုးကွဲများ စုံလင်မှုနောက်ကွယ်မှ အကြောင်းအရာများနှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် နေထိုင်ကျက်စားနေကြသော ထုံးစပ်ဖြူငှက်၊ မန်ချူးရီးယားကြိုးကြာ၊ ခေါင်းနက်စင်ရော် စသည့် ကမ္ဘာပေါ်ရှိ မျိုးသုဉ်းလုနီးပါး ငှက်မျိုးစိတ်များအကြောင်းကို လေ့လာနိုင်မည် ဖြစ်ပါသည်။