၂၀၂၃ ခုနှစ် မြစ်ဝါမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - မြစ်ဝါမြစ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ် တင်ဆက်ခြင်း ဆန်းရှီးပြည်နယ် ပြည်ပမိတ်ဆက်ခြင်းသီတင်းပတ် (“ထင်ရှားကျော်ကြား လက်မှုပညာရှင်များ” ဆန်းရှီးပြည်နယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုများအကြောင်း ဗီဒီယိုတင်ဆက်မှု)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-08-29 16:40:46




ဆန်းရှီးပြည်နယ် (Shanxi) သည် သမိုင်းကြောင်းရှည်ကြာပြီး ယဉ်ကျေးမှုများ ပေါကြွယ်ဝရာ ဒေသတစ်ခုဖြစ်သည်။ ပေါင်လုံကျိုင်း (Baolongzhai) ရိုးရာပိတ်ဖိနပ်ပြုလုပ်မှုပညာနှင့် ဖျင်ယောင်း (Pingyao) “ချန်စိန်းယွမ်” (Changshengyuan) ဆန်အရက်ချက်လုပ်မှုပညာများသည် ဆန်းရှီးပြည်နယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအနက် ထူးခြားပြောင်မြောက်သော ကိုယ်စားပြုများဖြစ်ပြီး ဆန်းရှီးပြည်နယ်သားများ၏ လုံ့လဝီရိယရှိမှု၊ ဉာဏ်အမြော်အမြင်ကြီးမှုနှင့် နေ့စဉ်လူနေမှုဘဝအပေါ် ချစ်မြတ်နိုးစိတ်များကို ထင်ဟပ်ပေါ်လွင်နေစေပါသည်။


WeChat Image_20230829115957.jpg