“သဘာဝပသာဒ ယန်စီမြစ်အလှ” ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များ တင်ဆက်ခြင်း - ချုံချင့်မြို့
ချုံချင့်မြို့(Chongqing)သည် ယန်စီမြစ်၏ အထက်ပိုင်းတွင် တည်ရှိပြီး တရုတ်နိုင်ငံ၏ မြူနီစီပယ် အုပ်ချုပ်ရေးမြို့တော်များအနက် အကြီးဆုံးမြို့ ဖြစ်သည်။ ချုံချင့်မြို့သည် မြစ်ချောင်းတောတောင်များ ပေါများသည်။ ကမ္ဘာ့အဆင့်မီ ပြည်တွင်းရေကြောင်း ကြယ်ငါးပွင့်ဇိမ်ခံသင်္ဘောဖြင့် ချုံချင့်မြို့ Chaotianmen ဆိပ်ကမ်းမှ စတင်ထွက်ခွာကာ “ကျွန်းတစ်ကျွန်း၊ မြစ်နှစ်စင်း၊ ကမ်းလေးဖက်” ညမြင်ကွင်း၊ Bayu ရိုးရာယဉ်ကျေးမှုများ တည်ရှိရာ Hongya လိုဏ်ဂူ၊ ယန်စီမြစ်ကူး ကေဘယ်ကားနှင့် မြစ်ကူးတံတားများကို တွေ့မြင်ရှုစားနိုင်ပါသည်။ မြစ်ကြောအတိုင်း တောက်လျှောက်ဆင်းလာလျှင် ယန်စီမြစ်လျှိုမြောင်ကြီးသုံးသွယ်၊ Kuimen ဂိတ်၊ နတ်သမီးတောင်တို့ ရှိပြီး Zhong ကောင်တီ Shibao ရွာ၊ Baiheliang ရေအောက်ကမ္ပည်းကျောက်စာများနှင့် သုံးပြည်ထောင်ခေတ်ပြဇာတ်များမှတစ်ဆင့်လည်း ရှည်ကြာသော သမိုင်းကြောင်းများကို လေ့လာနိုင်ပါသည်။