“သဘာဝပသာဒ ယန်စီမြစ်အလှ” ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များ တင်ဆက်ခြင်း - ဆန်းကြယ်သော စီချွမ်ပြည်နယ်
ဤအစီအစဉ်တွင် စီချွမ်ပြည်နယ်၏ ဆန်းကြယ်မှုများကို ရှုစားကြရမည် ဖြစ်သည်။
ဗီဒီယို (၁) - Anyi’s Adventure in Sichuan
ဗီဒီယိုထဲမှ Anyi နှင့်အတူ လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော် (Leshan Giant Buddha) ၊ ကျိုကျိုက်ကိုး(Jiuzhaigou) ဟွမ်လုံ(Huanglong) သဘာဝရှုခင်းနေရာ ၊ ချင်းချန်တောင် (Qingcheng) ၊ ပန်ဒါဝက်ဝံများနှင့် Sanxingdui ရှေးဟောင်းအမွေအနှစ်နေရာများကို လိုက်လံလေ့လာကြရအောင်။
Mount Emei
Jiuzhaigou Valley Nuorilang Waterfall (Filmed by Yu Ning)
Sichuan Giant Panda Sanctuaries
ဗီဒီယို (၂) - Yi Culture of Sichuan Liangshan Prefecture
ဗီဒီယိုသည် ရီတိုင်းရင်းသားငွေထည်ပညာရှင်၊ ရီတိုင်းရင်းသားပန်းထိုးပညာရှင်၊ လန်ဒန် Fashion Week သို့ တက်လှမ်းခဲ့သည့် ရီတိုင်းရင်းသူ ရတနာဒီဇိုင်းဖန်တီးပညာရှင် စသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေဆက်ခံသူများနှင့် တွေ့ဆုံခန်းများမှတစ်ဆင့် စီချွမ်ပြည်နယ် လျန်ဆန်းတောင် (Liangshan) ရီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ သာယာလှပသော ရှုမျှော်ခင်းများ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေဆက်ခံမှု၊ တိုင်းရင်းသားရိုးရာဓလေ့များနှင့် လျန်ဆန်းတောင်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် တစ်ချိန်တည်းတွင် ရီတိုင်းရင်းသားရိုးရာယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းပုံအကြောင်းများကို ရိုက်ကူးတင်ဆက်ထားပါသည်။
Young woman of the Yi nationality (Filmed by Kerexiaofu)
Lugu Lake
ဗီဒီယို (၃) - Sanxingdui in the time
ဤဗီဒီယိုတွင် ကြေးညိုသစ်ပင်အား ပြန်လည်ပြင်ဆင်မွမ်းမံပုံကို အဓိကထား၍ မျိုးဆက်နှစ်ဆက်မှ မွမ်းမံပညာရှင်များ၏ အမြင်များ၊ Sanxingdui ရှေးဟောင်းအမွေအနှစ်နေရာအကြောင်း၊ သမိုင်းဝင်အမွေအနှစ်များ ထိန်းသိမ်းမွမ်းမံမှုနောက်ကွယ်မှ ဇာတ်ကြောင်းများကို တင်ဆက်ထားပါသည်။
Bronze Kneeling Figurine
Bronze Head with Gold Mask
ဗီဒီယို (၄) - Japanese Friend’s Exploration of Three Kingdom History of Ancient Shu
စီချွမ်ပြည်နယ်တွင် နှစ်အတန်ကြာ နေထိုင်နေသည့် ဂျပန်နိုင်ငံသား Futoshi Yagi သည် သုံးပြည်ထောင်ခေတ်ဝတ္ထုနှင့် ဂိမ်းကို နှစ်ခြိုက်သူတစ်ဦး ဖြစ်သည်။ သူသည် ချန်ဒူးမြို့ (Chengdu) ဝူဟိုဘုံကျောင်း (Wuhou Temple) ၊ ကွမ်ယန်မြို့ (Guangyuan) ကျောင်းဟွာရှေးဟောင်းမြို့ (Zhaohua) ၊ တယ်ရန်မြို့ (Deyang) ဖန်ထုံဘုံကျောင်း (Pangtong) သို့ သွားရောက်ပြီး သုံးပြည်ထောင်ခေတ်ယဉ်ကျေးမှုနောက်ကွယ်က စိတ်ဝင်စားဖွယ် ဇာတ်ကြောင်းများကို လေ့လာခဲ့ပါသည်။
The World’s Greatest Pass, Jianmen Pass (Sword Gate Pass)
The Night View of Wuhou Temple in Chengdu