“သဘာဝပသာဒ ယန်စီမြစ်အလှ” ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များ တင်ဆက်ခြင်း - ရှန်ဟိုင်းမြို့
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-07-13 13:26:30
ဤအစီအစဉ်မှတစ်ဆင့် ရှန်ဟိုင်းမြို့၏ ရှုမျှော်ခင်းများ၊ သွင်ပြင်သဏ္ဌာန်များ၊ သမိုင်းဝင်အမွေအနှစ်များ၊ ဒြပ်မဲ့ယဉ်ကျေးမှု၊ စည်ပင်ဝပြောမှုနှင့် ခေတ်မီတိုးတက်မှုများကို မြင်တွေ့ခံစားနိုင်မည် ဖြစ်သည်။
ဗီဒီယိုမှတစ်ဆင့် တစ်ညလုံး ထိန်ထိန်လင်းနေသော မီးရောင်များ၊ ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များဖြင့် စည်ကားထည်ဝါနေသည့် ရှန်ဟိုင်းမြို့၏ အံ့မခန်း ခေတ်မီဖွံ့ဖြိုးတိုးတက်မှုများကို ရှုစားကြရမည်ဖြစ်သည်။
ဗီဒီယိုတွင် “SHANG HAI” ဟူသော စာလုံး၏ အင်္ဂလိပ်အက္ခရာတစ်လုံးစီကို အနက်ဖွင့်ဆိုထားပြီး ရှန်ဟိုင်းမြို့၏ နွေးထွေးပျူငှာမှု၊ ယဉ်ကျေးမှုသမိုင်းကြောင်းများ၊ မြို့အငွေ့အသက်များ၊ ဒြပ်မဲ့ယဉ်ကျေးမှုနှင့် နိုင်ငံတကာအဆင့်မီမှုများကို တင်ဆက်ထားပါသည်။