“သဘာဝပသာဒ ယန်စီမြစ်အလှ” ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များ တင်ဆက်ခြင်း - ဟူနန်ပြည်နယ်
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-07-13 12:01:15
ဟူနန်ပြည်နယ်သည် ရှုမျှော်ခင်းများ သာယာလှပပြီး တိုင်းရင်းသားဓလေ့ထုံးတမ်းများ အသွင်စုံလင်လှသည်။ လှပသော ပုံရိပ်များမှတစ်ဆင့် ထူးခြားဆန်းကြယ်သော ရှုခင်းနေရာများနှင့် ဟူနန်ဒေသခံများ၏ ဖော်ရွေပျူငှာမှုများကို ခံစားနိုင်မည် ဖြစ်သည်။
ကျန်းကျားကျဲ့ရှုခင်းနေရာ (Zhangjiajie) ၊ ရှောက်ဆန်းတောင် (Shaoshan) ၊ ချန်ဆားမြို့ (Changsha) ၊ ဟန်ဆန်းတောင် (Hengshan) ၊ ချန်ထုံတောင် (Chengtou) စသည့် သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ၊ တောတောင်ရေမြေ သဘာဝရှုခင်းများ၊ မြို့ပြယဉ်ကျေးမှုများနှင့် အပန်းဖြေနေရာများဖြင့် ဟူနန်ပြည်နယ်သည် ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက် ရှိပါသည်။