“ရှာဖွေရှုစား ယန်စီမြစ်အလှတရား” ဗီဒီယိုများအား ကမ္ဘာတစ်ဝှမ်း တင်ဆက်ခြင်း - သံယောဇဉ်ဖြစ်တည် မြစ်ယန်စီ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-06-28 15:25:18


WeChat Image_20230628172400.jpg


သံယောဇဉ်ဖြစ်တည် မြစ်ယန်စီ အပိုင်း(၁)


သံယောဇဉ်ဖြစ်တည် မြစ်ယန်စီ အပိုင်း(၂)


သံယောဇဉ်ဖြစ်တည် မြစ်ယန်စီ အပိုင်း(၃)


သံယောဇဉ်ဖြစ်တည် မြစ်ယန်စီ အပိုင်း(၄)


သံယောဇဉ်ဖြစ်တည် မြစ်ယန်စီ အပိုင်း(၅)


သံယောဇဉ်ဖြစ်တည် မြစ်ယန်စီ အပိုင်း(၆)


“သံယောဇဉ်ဖြစ်တည် မြစ်ယန်စီ” ဗီဒီယိုသည် တရုတ်နိုင်ငံ၏ ပထမဦးဆုံးသော ယန်စီမြစ်အကြောင်းကို 4K အရည်အသွေးဖြင့် ရိုက်ကူးထားသည့် အကြီးစား မှတ်တမ်းဗီဒီယိုဖြစ်သည်။ ယင်းမှတ်တမ်းဗီဒီယိုသည် National Radio and Television Administration of China (NRTA) မှ ဦးစားပေးအနေဖြင့် ပံ့ပိုးရိုက်ကူးထားသည့် အစီအစဉ်တစ်ခုဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အနေဖြင့် ဂုဏ်ပြုတင်ဆက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဗီဒီယိုသည် ယန်စီမြစ်ကြောတစ်လျှောက်တွင် အခြေချနေထိုင်သော ပြည်သူများ၏ လူနေမှုဘဝပြောင်းလဲမှုနှင့် အစိမ်းရောင်လူနေမှုစနစ်အသွင်သို့ ကူးပြောင်းလာမှုတို့၏ အသက်ဝင်လှသော အကြောင်းအရာများကို တင်ဆက်ထားသည်။ တရုတ်လူမျိုးတို့၏ ခေတ်သစ်တက်ကြွမှုအားမာန်ကို လှစ်ဟပြသထားကာ ယန်စီမြစ်ဝှမ်းတစ်ကြောရှိ ပြည်သူများ၏ ကြိုးစားရုန်းကန်မှု မော်ကွန်းမှတ်တမ်းဟူ၍ပင် တင်စားပြောဆိုရပေမည်။


ယန်စီမြစ်သည် ကမ္ဘာ့တတိယအရှည်ဆုံးမြစ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ မိခင်မြစ်ကြီးလည်းဖြစ်သည်။ ၎င်းမြစ်သည် တရုတ်နိုင်ငံ လူဦးရေစုစုပေါင်း၏ (၄၀) ရာခိုင်နှုန်းခန့်ကို အကျိုးပြုလျက်ရှိသည်။ ယင်းဒေသသည် ကမ္ဘာတစ်ဝှမ်းရှိ ဇီဝမျိုးကွဲ အကြွယ်ဝအစုံလင်ဆုံး ဂေဟစနစ်ပတ်ဝန်းကျင်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ပန်ဒါဝက်ဝံ၊ လင်းရှူး၊ နှင်းကျားသစ် အစရှိသည့် အဖိုးတန်ရှားပါးမျိုးစိတ်များ နှစ်ပေါင်းများစွာတိုင်အောင် ကျင်လည်ကျက်စားရာ ဌာနေရပ်ဝန်းလည်းဖြစ်သည်။ သို့သော် သဘာဝသယံဇာတအရင်းမြစ်များ အလွန်အကျွံတူးဖော်သုံးစွဲခြင်းကြောင့် ယန်စီမြစ်ဝှမ်းဒေသရှိ သဘာဝပတ်ဝန်းကျင်အပေါ် အကြီးအကျယ်ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသည်။ ယင်း “သံယောဇဉ်ဖြစ်တည် မြစ်ယန်စီ” မှတ်တမ်းဗီဒီယိုသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ရှုထောင့်အမြင်မှ ယန်စီမြစ်ကို ဆန်းစစ်လေ့လာပြီး တရုတ်လူမျိုးတို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တာဝန်ဝတ္တရားနှင့် အားထုတ်ကြိုးပမ်းမှုများကို ဖော်ပြထားပါသည်။ ထို့အပြင် တစ်ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်မှ ယခုအခါတွင် ကမ္ဘာတစ်ဝှမ်းက အလေးထားဆောင်ရွက်နေသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ခေါင်းစဉ်အကြောင်းအရာနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ယန်စီမြစ် ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းရှိ အောင်မြင်မှုရလဒ်များကို ပြသရင်း ကမ္ဘာ့မြစ်ကြီးများ၏ ရေအသုံးချစီမံရေးအတွက် စံနမူနာတစ်ခုအဖြစ်လည်း ပြဋ္ဌာန်းနိုင်မည်ဖြစ်သည်။


ဤမှတ်တမ်းဗီဒီယိုသည် ဇာတ်ကောင်နှင့် အသေးစိတ်အချက်အလက်များအပေါ် အခြေခံတင်ဆက်ထားပြီး ယန်စီမြစ်ကြောတစ်လျှောက်နေ ပြည်သူများ၏ တစ်ရေတည်းအတူသောက်သုံးကြပြီး ယန်စီမြစ်အပေါ် မတူညီသော သံယောဇဉ်နှင့် ဇာတ်လမ်းများ အမျိုးမျိုးရှိပုံတို့ကို ထင်ဟပ်ပေါ်လွင်စွာ ပြသထားသည်။ ထို့အပြင် ရိုက်ကူးရေးအဖွဲ့သားများမှ တရုတ်နိုင်ငံ၏ သိပ္ပံနည်းပညာအကယ်ဒမီနှင့် အင်ဂျင်နီယာအကယ်ဒမီမှ ပညာရှင်အချို့အပါအဝင် ဇလဗေဒ၊ ရေနှင့်ဆည်မြောင်း၊ ပထဝီဝင်၊ ရာသီဥတု၊ သတ္တဗေဒနှင့် ရုက္ခဗေဒ၊ သမိုင်း၊ စီးပွားရေး၊ ယဉ်ကျေးမှု အစရှိသည့် နယ်ပယ်မှ အသိပညာရှင်၊ အတတ်ပညာရှင် ရာချီနီးပါးထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသေးသည်။


ဤ “သံယောဇဉ်ဖြစ်တည် မြစ်ယန်စီ” မှတ်တမ်းဗီဒီယိုကို ရုပ်သံလိုင်းများ၊ ဗီဒီယိုဝဘ်ဆိုက်များအပြင် သတင်းမီဒီယာပလက်ဖောင်းများနှင့် Weibo စသည်တို့မှတစ်ဆင့် တင်ဆက်ထုတ်လွှင့်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်ကို ပြည်တွင်းသာမက ကမ္ဘာတစ်ဝှမ်းရှိ လူအများပါ အလေးထားလာစေရန် တိုက်တွန်းနှိုးဆော်ထားပါသည်။


WeChat Image_20230629112047.jpg