“ရှာဖွေရှုစား ယန်စီမြစ်အလှတရား” ဗီဒီယိုများအား ကမ္ဘာတစ်ဝှမ်း တင်ဆက်ခြင်း - “Read Jiangnan” အစီအစဉ်၏ ထုန်လူကောင်တီမှ အမှတ်ရဖွယ် Fan Zhongyan နှင့် “Mr. Yan ဘုံကျောင်းဆောင်မှတ်တမ်း”
ယန်စီမြစ်အထက်ပိုင်း၏ အဓိကမြစ်ကြောများဖြစ်သော ဖုချွန်းမြစ် (Fuchun) ၊ ယန်စီမြစ် လျှိုမြောင်သုံးသွယ်၊ လီကျန်းမြစ် (Lijiang) တို့ကို တရုတ်နိုင်ငံ၏ အထင်ရှားဆုံး မြစ်သုံးမြစ်ရှုခင်းခရီးစဉ်လမ်းကြောင်းဟု သတ်မှတ်ကြသည်။ ဖုချွန်းမြစ်အကြောင်းကို ရှေးယခင်မှသည် ယနေ့တိုင် စာပေလင်္ကာများဖြင့် ချီးမွမ်းဖွဲ့နွဲ့ခဲ့ကြပါသည်။ နန်ချောင်ခေတ် စာပေပညာရှင် ဝူကျွင်း (Wu Jun) သည် ဖုချွန်းသို့ ရောက်ရှိပြီး ယင်းနေရာကို စွဲမက်ခုံမင်ခဲ့သကဲ့သို့ ယွမ်ခေတ် ပန်းချီပညာရှင် ဟွမ်ကုန်းဝမ့် (Huang Gongwang) သည်လည်း ဖုချွန်းသို့ လာရောက်ပြီး "Dwelling in the Fuchun Mountains" ဟူသည့် သမိုင်းဝင်ပန်းချီကားကို အချိန်သုံးနှစ်ယူ၍ ရေးဆွဲခဲ့ပါသည်။ ထို့အပြင် ရှဲ့လင်းယွင့် (Xie Lingyun) ၊ မုန့်ဟောက်ရန် (Meng Haoran) ၊ လီပိုင် (Li Bai) ၊ စူးရှစ် (Su Shi) ၊ လုယို (Lu You) ၊ ယန်ဝမ့်လီ (Yang Wanli) ၊ ခမ်းယိုဝေ (Kang Youwei) ၊ ယွိတာဖူး (Yu Dafu) ၊ ပါးကျင်း (Ba Jin) …… အစရှိသည့် နာမည်ကျော် စာပေပညာရှင်များစွာလည်း ဖုချွန်းဒေသသို့ လာရောက်လေ့လာခဲ့ဖူးပါသည်။ အကြောင်းမှာ ဖုချွန်းဒေသ၏ အံ့မခန်းလှပသော တောတောင်ရေမြေရှုခင်းများထက် လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) က အရှေ့ဟန်ခေတ် အထင်ကရပုဂ္ဂိုလ် ရန်ဇီလင်း (Yan Ziling) အယူဝါဒကြောင့်ပင် ဖြစ်သည်။ ၎င်းရန်ဇီလင်း အယူဝါဒကို မြောက်စုန့်ခေတ် နာမည်ကျော်အမတ် ဖန့်ကျုံးရန်း (Fan Zhongyan) က အထွတ်အထိပ်သို့ ရောက်အောင် တွန်းပို့ပေးခဲ့ပါသည်။ Yangtze River Delta Radio မှ တင်ဆက်သော “Read Jiangnan” အစီအစဉ်သည် ထုန်လူကောင်တီ (Tonglu) သို့ ရောက်ရှိလာပြီး အစီအစဉ်တင်ဆက်သူ ကျန်းရန် (Jiang Ran) မှ ဖုချွန်းဒေသကို လိုက်လံမိတ်ဆက်ပေးခဲ့ရာ ရန်ဇီလင်းငါးဖမ်းရာနေရာသို့ ရောက်ရှိခဲ့သည့်အပြင် ဖန့်ကျုံးရန်းအကြောင်းကိုလည်း လေ့လာခဲ့ပါသည်။