“ရှာဖွေရှုစား ယန်စီမြစ်အလှတရား” ဗီဒီယိုများအား ကမ္ဘာတစ်ဝှမ်း တင်ဆက်ခြင်း - ထိန်းသိမ်းကာကွယ်အစဉ် ယန်စီမြစ်သဘာဝပတ်ဝန်းကျင်၊ ပါရဂူဘွဲ့ကျောင်းသားမှ ခြေရာခံလေ့လာ ယန်စီမြစ်လင်းရှူးများ ကျက်စားရာမြေမှာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-06-28 15:18:08


WeChat Image_20230629111414.png



ယခုဗီဒီယိုကို ဝူဟန်မြို့ ဟွာကျုံး (Huazhong) သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ စီးပွားရေးဌာနတွင် လူဦးရေ၊ သယံဇာတအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စီးပွားရေးဘာသာရပ် ပါရဂူတန်း တက်ရောက်နေသော Mohamed Ouedraogo မှ ငါးလုပ်ငန်းဦးစီးဌာန၏ အမြန်ပြေးမော်တော်ဘုတ်ကို စီးနင်းရင်း နိုင်ငံခြားသားပညာရှင်တစ်ယောက်၏ ရှုထောင့်မှနေ၍ ငါးဖမ်းခွင့်တားမြစ်သည့် ဥပဒေမူဝါဒများနှင့် ငါးလုပ်ငန်းဦးစီးဌာန၏ စောင့်ကြပ်ကြည့်ရှုမှုစနစ်များအကြောင်း လေ့လာမေးမြန်းခဲ့ပုံတို့အား VLOG ပုံစံဖြင့် မှတ်တမ်းတင်ရိုက်ကူးထားပါသည်။ ဤဗီဒီယိုမှတစ်ဆင့် တရုတ်နိုင်ငံ၏ ငါးဖမ်းခွင့်တားမြစ်ချက် ဆောင်ရွက်နေမှုများဖြစ်သည့် သက်ဆိုင်ရာဥပဒေမူဝါဒအကြောင်း ပညာပေးလုပ်ငန်းများအား တိုးမြှင့်လုပ်ဆောင်ခြင်း၊ (၂၄)နာရီပတ်လုံး လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ တရားမဝင်ငါးဖမ်းခြင်းကို တင်းကျပ်စွာ ထိန်းချုပ်ခြင်း၊ သိပ္ပံသုတေသနပြုလုပ်ငန်းများကို ခွင့်ပြုပေးခြင်း၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ငါးဖမ်းခွင့်ပြုထားခြင်းနှင့် ပြည်သူပြည်သားများ အပျော်တမ်းငါးမျှားနိုင်ခြင်း စသည့်အချက်တို့ကို လေ့လာသိရှိစေနိုင်မည် ဖြစ်ပါသည်။

ယန်စီမြစ်အတွင်း ငါးဖမ်းခွင့် ဆယ်နှစ်တာပိတ်ပင်မှုသည် အချိန်နှင့် အတိုင်းအတာ အလွန်ကြီးမားသော စီမံကိန်းလုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ထိထိရောက်ရောက်နှင့် အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိပါသည်။