“ရှာဖွေခံစား ယန်စီမြစ်အလှတရား” ဗီဒီယိုများအား ကမ္ဘာတစ်ဝှမ်း တင်ဆက်ခြင်း - “WUHAN” နှင့် ရေတိမ်ဒေသများအကြောင်း
ဝူဟန်မြို့ (Wuhan) ၏ “WUHAN” ဆိုသည့် အက္ခရာစာလုံးများကို နောက်ထပ်အနက်တစ်မျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကာ ယင်းမြို့အမည်နှင့် ရေတိမ်ဒေသတို့ကို ဆက်စပ်၍ ဖော်ပြထားသည်။ ဗီဒီယိုကို အင်္ဂလိပ်နောက်ခံစကားပြော၊ တရုတ်စာတန်းထိုးပုံစံဖြင့် တင်ဆက်ထားပြီး ကမ္ဘာတစ်ဝှမ်းတွင် ဝူဟန်မြို့အား “ရေကန်မြို့တော်” ၊ “ရေတိမ်ဒေသမြို့တော်” အဖြစ် သိရှိစေနိုင်မည် ဖြစ်ပါသည်။ ထိုကဲ့သို့ နိုင်ငံတကာမှ ပရိသတ်များအား ဝူဟန်မြို့ ရေတိမ်ဒေသနှင့် ဂေဟစနစ်များအကြောင်းကို ပိုမိုနားလည်သိရှိပြီး စိတ်ဝင်စားလာစေခြင်းဖြင့် ဝူဟန်မြို့ပုံရိပ်ကို နိုင်ငံတကာတွင် ပိုမိုထင်ပေါ်ကျော်ကြားစေရန် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ယင်းအစီအစဉ်အား (၁၄) ကြိမ်မြောက် နိုင်ငံတကာ ရေတိမ်ဒေသများဆိုင်ရာ သဘောတူညီမှု အစည်းအဝေး (COP14) ကျင်းပချိန်ကာလတွင် တင်ဆက်ခဲ့ပြီး ဝူဟန်မြို့ကို “ရေတိမ်ဒေသမြို့တော်” အဖြစ် ပိုမို လူသိများလာစေသည့်အလျောက် ယင်းအစီအစဉ်သည်လည်း ပြည်တွင်းပြည်ပ ပရိသတ်များ၏ နှစ်သက်အားပေးမှုများစွာကို ရရှိခဲ့ပါသည်။