"ယူနန်" လူမှုဘဝ - နွေဦးမြို့တော် (ခေါ်) ပန်းမြို့တော် ကူမင်းမြို့

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-05-07 20:43:31


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ကူမင်းမြို့ (Kunming) ၏ ရာသီဥတုမှာ ဆောင်းရာသီတွင် အအေးလွန်ကဲခြင်း၊ နွေရာသီတွင် အပူလွန်ကဲခြင်းမျိုး မရှိပေ။ ဥတုလေးပါးလုံး သစ်ပင်ပန်းမန်များ စိမ်းစိုပွင့်လန်းလျက် ရှိပြီး တစ်နှစ်တာကာလပတ်လုံးသည် နွေဦးရာသီကဲ့သို့ သာယာလှပနေပါသည်။ ကူမင်းမြို့သည် တရုတ်နိုင်ငံ၏ “နွေဦးမြို့တော်” ၊ “ပန်းမြို့တော်” အဖြစ် နာမည်ကျော်ကြားပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုအရှိဆုံး မြို့များအနက်မှ တစ်ခုအပါအဝင်လည်း ဖြစ်သည်။


ကူမင်းမြို့သည် ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ဘက်ပိုင်းဒေသများအတွက် အချက်အချာကျသော မြို့များအနက်မှ တစ်ခုပါအဝင် ဖြစ်သည်။ ကူမင်းမြို့တွင် လေ့လာလည်ပတ်စရာ နေရာကောင်းများစွာရှိပြီး ယင်းမြို့၏ အစားအသောက်နှင့် ဖြည်းဆေးလှသော ဘဝနေထိုင်မှုပုံစံတို့ကလည်း ခရီးသွားဧည့်သည်များအား အမှတ်ရ စွဲလမ်းနေစေပါသည်။ ထို့အပြင် ကူမင်းမြို့သည် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများနှင့်လည်း နာရီပိုင်းအနည်းငယ်သာ သွားလာရပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူသည်။


ဤဗီဒီယိုမှတစ်ဆင့် ကူမင်းမြို့အလှနှင့် “ယူနန်”အငွေ့အသက်များ ပြည့်နှက်နေသော ဘဝနေထိုင်မှုပုံစံကို လေ့လာခံစားကြရအောင်လားရှင်။