“ရှာဖွေရှုစား ယန်စီမြစ်အလှတရား” ဗီဒီယိုများအား ကမ္ဘာတစ်ဝှမ်း တင်ဆက်ခြင်း - မွေးရပ်ဌာနေ ယန်စီမြစ်ဆီ ပြန်လည်ရောက်ရှိလာသော အာရှသမင်များ
မွေးရပ်ဌာနေ ယန်စီမြစ်ဆီ ပြန်လည်ရောက်ရှိလာသော အာရှသမင်များ အပိုင်း(၁)
မွေးရပ်ဌာနေ ယန်စီမြစ်ဆီ ပြန်လည်ရောက်ရှိလာသော အာရှသမင်များ အပိုင်း(၂)
သားပေါက်အရွယ်ကတည်းက လူတို့ စောင့်ရှောက်မွေးမြူခဲ့သည့် အာရှသမင်တစ်ကောင်အား ၎င်း၏ဌာနေသို့ ပြန်ပို့ရာတွင် လမ်းခရီးတစ်လျှောက် ကိစ္စရပ်အမျိုးမျိုး ကြုံဆုံခဲ့ပုံများမှ တောရိုင်းသဘာဝနှင့် တဖြည်းဖြည်း အသားကျလာပြီး နောက်ဆုံးတွင် တောရိုင်းသမင်အုပ်ဆီ ပြန်လည်ရောက်ရှိသည်အထိ ဖြစ်စဉ်အဆင့်ဆင့်ကို မှတ်တမ်းတင်ရိုက်ကူးထားပါသည်။ ယင်းဗီဒီယိုသည် နိုင်ငံရပ်ခြားတိုင်းတစ်ပါးတွင် နေထိုင်ကျက်စားပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ကို ရင်ဆိုင်နေရသည့် ဤရှေးကျသော “ဒဏ္ဍာရီလာတိရစ္ဆာန်” များ မိမိမွေးရပ်ဌာနေ ယန်စီမြစ်ဆီ ပြန်လည်ရောက်ရှိလာပုံ၊ ယန်စီမြစ်ထိန်းသိမ်းရေးစီမံကိန်း၏ အရေးပါသော တိရစ္ဆာန်မျိုးစိတ်ဖြစ်သည့် ယင်းအာရှသမင်များသည် ကမ္ဘာတစ်ဝှမ်းတွင် အကောင်ရေအများဆုံး တောရိုင်းအာရှသမင်အုပ် ဖြစ်လာပုံအကြောင်းများကို တင်ဆက်ဖော်ပြထားပါသည်။