လှပသောတရုတ်နိုင်ငံ - အလှပဆုံးချယ်ရီပန်းခင်း
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ထိုက်ဟူရေကန် (Taihu) သည် တရုတ်နိုင်ငံ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ယန်ဇီမြစ်မြောက်ဘက်ကမ်းရှိ များပြားလှသော ရေကန်များအနက် အကြီးဆုံးဖြစ်သည်။ ဤနေရာတွင် ချယ်ရီပန်းများဖြင့် နာမည်ကျော်ကြားသည့် ရေပေါ်ကျွန်းတစ်ခုရှိသည်။
ယွမ်ထိုကျူကျွန်းငယ် (Yuantouzhu) သည် ထိုက်ဟူရေကန်အတွင်းသို့ ထိုးထွက်လျက်ရှိသော ကျွန်းဆွယ်တစ်ခုဖြစ်ပြီး လိပ်ဦးခေါင်းမော့နေသည့် သဏ္ဌာန်ရှိသည့် ရေထဲသို့ငေါထွက်နေသော ဧရာမကျောက်တုံးကြောင့် အမည်တွင်သည်။ ယင်းကျွန်းဆွယ်အတွင်းတွင် အမျိုးပေါင်း (၁၀၀) ကျော်ရှိသည့် ချယ်ရီပင် ၃၀၀၀၀ ကျော်ကို စိုက်ပျိုးထားသည်။
နှစ်စဉ် မတ်လလယ်မှ ဧပြီလလယ်အထိ ကာလသည် ချယ်ရီပန်းများကို ရှုစားရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ပန်းရောင်တိမ်တိုက်ကဲ့သို့သော ချယ်ရီပန်းပွင့်များသည် သစ်ပင်အပြည့် လှပဝေဆာစွာ ပွင့်ဖူးနေကြပြီး တလှုပ်လှုပ်ထနေသည့် ကန်ရေပြင်နှင့် တဖြုတ်ဖြုတ်ကြွေကျလာသည့် ချယ်ရီပွင့်ဖတ်များဖြင့် လှပလျက်ရှိသည်။ ယွမ်ထိုကျူကျွန်းဆွယ်သည် တရုတ်နိုင်ငံ၏ ချယ်ရီပန်း ကြည့်ရှုခံစားရန် နေရာကောင်းတစ်ခု ဖြစ်လာခဲ့ပြီး နှစ်စဉ် ခရီးသွားဧည့်သည်အများအပြားအား ဤနေရာတွင် ချယ်ရီပန်းရှုခင်းအလှများ လာရောက်ကြည့်ရှုရန် ဆွဲဆောင်လျက်ရှိပါသည်။










