တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ကျီလင်ပြည်နယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-03-27 00:32:27


ဗီဒီယိုကို ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တိုအတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။



ကျီလင်ပြည်နယ် (Jilin)


ကျီလင်ပြည်နယ် (Jilin) တွင် တောတောင်ရေမြေရှုခင်းများ ခမ်းနားလှပပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်လျက် ရှိကြသည်။ ချန်ပိုင်တောင် (Changbai) တွင် ထူးခြားဆန်းပြားသော ကျောက်တောင်များ ရှိပြီး နှင်းမှုန်နှင်းခဲများမှာလည်း အသွင်ပုံစံ အမျိုးမျိုးဖြင့် လှပနေကြပါသည်။ ထိုအပြင် ပျောက်ကွယ်သွားသည့် ရှေးဟောင်းယဉ်ကျေးမှုများကို မှတ်တမ်းတင်ထားသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် Goguryeo မြိုတော်၊ တရုတ်နိုင်ငံရှိ ကွန်ဖြူးရှပ်ဘုံကျောင်း (၄)ကျောင်းအနက် တစ်ကျောင်းဖြစ်သော ကျီလင်ကွန်ဖြူးရှပ်ဘုံကျောင်း၊ “ခေတ်သစ်တရုတ်ရုပ်ရှင်ဇာတ်ကားများ၏ မူရင်းဇာစ်မြစ်”  ဟု တင်စားခေါ်ဝေါ်ရသော ချန်ချွန်းရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ (Changchun Film Studio) တို ရှိပါသည်။


ကျီလင်ပြည်နယ်တွင် ကိုရီးယားအနွယ်ဝင်တိုင်းရင်းသားများ၏ ပေါ့ပါးမြူးတူးသော တေးဂီတအကများ၊ မွန်ဂိုးလီးယားလူမျိုးတို၏ ရိုးသားပွင့်လင်းမှုနှင့် ရှာမင်ယဉ်ကျေးမှု (Shaman) ၏ လျှိဝှက်ဆန်းကြယ်မှုများကိုလည်း တွေ့မြင်နိုင်ပါသည်။