လှပသော တရုတ်နိုင်ငံ - အသွင်စုံလင် ကန်ရေပြင်
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်အနောက်ဘက် (Sichuan) ရှိ တောင်တန်းစုများတွင် သဘာဝအတိုင်း ဖြစ်တည်နေသော အိပ်မက်ဆန်ဆန်လှပနေသည့် “ကျိုကျိုက်ကိုး” (Jiuzhaigou) အမည်ရှိ လျှိုမြောင်တစ်ခု ရှိပါသည်။
ကြည်လင်ပြီး အရောင်မျိုးစုံ ပြောင်းလဲတတ်သော ရေကန်သည် ၎င်းနေရာ၏ အထင်ကရ ရှုခင်းဖြစ်သည်။ အဖြူရောင်၊ အစိမ်းရောင်၊ စိမ်းပြာရောင်၊ ကျောက်စိမ်းရောင် စသဖြင့် (၁၀၈)ရောင် ထွက်ပေါ်သော ကုန်းပြင်မြင့်ရေကန်သည် ကျိုကျိုက်ကိုး၏ အဓိက ချိုင့်ဝှမ်း (၃)ခုကို အလှဆင်ထားပါသည်။
အကယ်၍ ကျိုကျိုက်ကိုးသို့ သွားရောက်လည်ပတ်ပါက အချိန်ကောင်းနှင့် ကြုံဆုံလျှင် ဥတုလေးပါး လည်ပတ်မှုကို တစ်ရက်အတွင်းတွင်ပင် ခံစားနိုင်မည် ဖြစ်ပါသည်။ တဒင်္ဂအချိန်အတွင်းတွင် အရောင်စုံ အသွေးစုံမှ ငွေနှင်းဖြူရောင် ဖုံးလွှမ်းသည်အထိ ပြောင်းလဲမှုများကို တွေ့မြင်နိုင်ပါသည်။