တစ်မိနစ်အတွင်း ကြည့်ရှုခံစား တရုတ်နိုင်ငံ၏ အလှတရား - လျောင်နင်ပြည်နယ်
ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။
လျောင်နင်ပြည်နယ် (Liaoning)
လျောင်နင်ပြည်နယ် (Liaoning) သည် ဟွမ်ဟိုင်ပင်လယ် (Huanghai)နှင့် ပေါ်ဟိုင်ပင်လယ် (Bohai)၏ ကမ်းစပ်တွင် တည်ရှိပါသည်။ ရေမြေတောတောင်ရှုခင်းများ လှပပြီး ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝသည်။
လျောင်နင်ပြည်နယ်တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ရှန်ရန်ရှေးဟောင်းနန်းတော် (Shenyang)၊ ချင်းမင်းဆက်ခေတ် (Qing) အစောပိုင်းကာလ၏ ဂူဗိမာန်သုံးခု၊ ပန်ရှီးမြို့ (Benxi)ရှိ ဝူနွီဆန်းတောင်ပေါ်မြို့ရှုခင်းနေရာ (Wunüshan) နှင့် ဟူလူသောင်မြို့ (Huludao)ရှိ ကျိုမန်ခို (Jiumenkou) ရေပေါ်မဟာတံတိုင်းကြီးတို့ ရှိပါသည်။ ထို့အပြင် တာ့လျန်မြို့ (Dalian) ရွှေရောင်ကျောက်ကမ်းခြေ၊ ဖန်ကျင်မြို့ (Panjin) ပင်လယ်နီကမ်းခြေနှင့် ပန်ရှီးမြို့ (Benxi) ရေလိုဏ်ဂူ အစရှိသည့် ခမ်းနားထည်ဝါလှသော သဘာဝရှုခင်းများလည်း ရှိသည်။
လျောင်နင်ပြည်နယ်သည် မန်ချူးတိုင်းရင်းသားလူမျိုးတို့၏ ဇာတိမြေဖြစ်ပြီး ချင်းမင်းဆက်ခေတ် (Qing) ယဉ်ကျေးမှု အစပြုရာဒေသလည်း ဖြစ်သည်။ မန်ချူးရိုးရာ စက္ကူအလှညှပ်ခြင်းနှင့် ပန်းထိုးခြင်းအတတ်ပညာ၊ လျောင်နင်ပြည်နယ်၏ ရိုးရာဂီတနှင့် ဖူရွှင့်မြို့ (Fushun) ရိုးရာအက အစရှိသည့် တစ်မူထူးခြားသော ရိုးရာယဉ်ကျေးမှုများလည်း ရှိပါသည်။