လှပသော တရုတ်နိုင်ငံ ပျိုမေလေးဖော်တောင် - အရှေ့တိုင်း၏ အယ်လ်ပ်တောင်တန်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-03-18 17:15:11


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ပျိုမေလေးဖော်တောင် (Mount Siguniang) သည် တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ စီချွမ်ပြည်နယ် (Sichuan) တွင် တည်ရှိပြီး တောင်လေးတောင် ဆက်၍ တည်ရှိနေခြင်းကြောင့် ထို့ကဲ့သို့ အမည်တွင်ခြင်းဖြစ်သည်။ ပျိုမေလေးဖော်တောင်သည် ၎င်း၏ ခမ်းနားထည်ဝါမှုနှင့် မြင့်မားမတ်စောက်မှုများကြောင့် ထင်ရှားကျော်ကြားသည်။


ပျိုမေလေးဖော်တောင်သည် ရှုခင်းလှပပြီး မြေမျက်နှာသွင်ပြင် အပြောင်းအလဲများသည်။ ပတ်ဝန်းကျင်မှာ မူလသဘာဝအတိုင်း အချုပ်အနှောင်မရှိ လွတ်လပ်စွာ ဖြစ်တည်နေပြီး အရှေ့တိုင်း၏ အယ်လ်ပ်တောင်တန်း ဟူ၍လည်း တင်စားခံရသည်။ ထို့ကြောင့်လည်း ကမ္ဘာ့နေရာအရပ်ရပ်မှ စူးစမ်းလေ့လာသူများကပင် ယင်းတောင်ထိပ်သို့ တက်ရောက်၍ ရှုခင်းအလှများကို ခံစားလိုကြပါသည်။