၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ရှင်းကျန်းဒေသဟာ သာယာဖွယ်နေရာတစ်ခုပါ” ကဏ္ဍတွဲ ဗီဒီယိုအတို တင်ဆက်ခြင်း “လျှာဖျားထက်က ပိုးလမ်းမစားကောင်းသောက်ဖွယ်များ” (အပိုင်း - ၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-03-17 18:40:16




ရှင်းကျန်းဒေသ (Xinjiang) ၏ ကျယ်ပြန့်၍ စုံလင်ကြွယ်ဝသော ပထဝီဝင်ပတ်ဝန်းကျင်၊ အမျိုးမျိုးအဖုံဖုံ စုံလင်များပြားသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် အသွင်မတူ ကွဲပြားစုံလင်သော လူနေမှုပုံစံစရိုက်တို့သည် ဤရှေးဟောင်းမြေနေရာပေါ်တွင် တဖြည်းဖြည်း စုဝေး၍ ဖြစ်တည်လာကာ ယနေ့ခေတ် တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွင် ခေတ်ရေစီးကြောင်းများပါ အတူရောယှက်ပေါင်းစပ်လာခဲ့သည်။


ရှင်းကျန်းဟင်းလျာများသည် အမျိုးစုံလင်လှပြီး ကိုယ်ပိုင်ဝိသေသထူးခြားချက်များဖြင့် ပြည့်နှက်နေပေသည်။ ယခုအစီအစဉ်တွင် ကြည့်ရှုသူပရိသတ်များအဖို့ ပိုးလမ်းမကြီး၏ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းလမ်းကြောင်း ဟူ၍ လမ်းကြောင်း (၃)ခုဖြင့် ပိုးလမ်းမကြီးတစ်လျှောက်ရှိ တစ်မူထူးခြားသော ရှင်းကျန်းစားကောင်းသောက်ဖွယ်များကို မြင်တွေ့ခံစားစေမည် ဖြစ်ပါသည်။


ယခုအပတ်တွင် အလယ်ပိုင်းလမ်းကြောင်းကို မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး တာပန်မြို့ (Turpan) ၊ ခက်(ရှ်)ဂါမြို့ (Kashgar) နှင့် ဘော်စတန်ကန် (Bosten Lake) အစရှိသည့်နေရာများ၏ စားကောင်းသောက်ဖွယ်များကို တင်ဆက်ပေးသွားမည် ဖြစ်သည်။


တာပန်မြို့တွင် စပျစ်သီးများ ပေါပေါလှိုင်လှိုင် ထွက်ရှိပြီး ရိတ်သိမ်းရာသီရောက်ရှိချိန်တွင် ချိုမွှေးသင်းပျံ့ပြီး အရသာရှိလှသည့် စပျစ်သီးခြောက်ဒံပေါက်သည် မပါမဖြစ်ပေ။


ခက်(ရှ်)ဂါဒံပေါက်သည် ရှင်းကျန်းတောင်ပိုင်းဒေသရှိ ဒံပေါက်များအနက် ကိုယ်စားပြုနိုင်စွမ်း အရှိဆုံး ဒံပေါက်အမျိုးအစားဖြစ်ပြီး ဇီရာစေ့၏ တစ်မူထူးခြားသော မွှေးရနံ့နှင့် သိုးသား၏ လတ်ဆတ်မွှေးကြိုင်မှုတို့ အပြည့်အဝ ရောစပ်ထားသဖြင့် ခံတွင်းတွေ့စေမည်ဖြစ်သည်။


ဘော်စတန်ကန်မှ ထွက်ရှိသော ပိုက်ငါးသည် အသားကျစ်လျစ်ပြီး နူးညံ့လှကာ တစ်မူထူးခြားသော ဒေသခံချက်ပြုတ်နည်းလမ်းများဖြင့် ချက်ပြုတ်လိုက်သောအခါ အလွန်အဖိုးတန်သော ဟင်းလျာတစ်ပွဲ ဖြစ်လာပါသည်။