တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ထျန်းကျင်းမြို့
ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။
ထျန်းကျင်းမြို့ (Tianjin)
ထျန်းကျင်းမြို့ (Tianjin) သည် မြစ်၊ ပင်လယ်များကို အမှီသဟဲပြု၍ ကျော်ကြားသည်။ ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်းသည် မြို့ကို ဖြတ်သန်းစီးဆင်းပြီး ဟွမ်ရာကွမ်းဂိတ် (Huangyaguan) မဟာတံတိုင်းကြီးမှာ အကွေ့ကွေ့အကောက်ကောက်ဖြင့် ခမ်းနားထည်ဝါလှသည်။ ဟိုင်မြစ် (Hai) တစ်ခုလုံးကို အပေါ်စီးမှ ရှုမြင်နိုင်သည့် ထျန်းကျင်းမြို့ အထင်ကရ “ထျန်းကျင်းမြို့မျက်လုံး” ချားရဟတ်၊ “ကမ္ဘာ့အဆောက်အအုံများပြပွဲ” ဟု ခေါ်စမှတ်ပြုရသည့် “ရိပ်သာလမ်းကြီးငါးသွယ်” ၊ ထျန်းကျင်းရိုးရာ ယဉ်ကျေးမှုအငွေ့အသက်များကို စုစည်းထားသည့် ရှေးဟောင်းယဉ်ကျေးမှုလမ်း စသည်တို့ ရှိသည်။
ထျန်းကျင်းမြို့၏ ဟာသပြက်လုံးပြဇာတ်များသည် ထျန်းကျင်းမြို့ ကိုယ်ပိုင်ဟန် ရှိသည်။ ကျန်း(Zhang)မျိုးနွယ် ရွှံ့စေးရုပ်များမှာ လက်ရာသေသပ်၍ အသက်ဝင်လှပြီး ယန်လျိုချင်း (Yangliuqing) နှစ်သစ်ကူးမင်္ဂလာပန်းချီများမှာလည်း ထူးခြားပြောင်မြောက်လှပါသည်။ ထျန်းကျင်းမြို့သို့ သွားရောက်လည်ပတ်ရင်း တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံ ယဉ်ကျေးမှုများ၏ ပေါင်းစပ်မှုအလှတရားများကို လေ့လာတွေ့ရှိနိုင်ပါသည်။