လှပသော တရုတ်နိုင်ငံ - ချန်ပိုင်တောင်
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ချန်ပိုင်တောင် (Changbai) သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် တည်ရှိပါသည်။ ၎င်းတောင်မကြီးသည် အဖြူရောင်ကျောက်ပွ အများအပြား ဖြစ်တည်မှု၊ နှင်းများစုပုံကျဆင်းမှုတို့ကြောင့် အဖြူရောင်အနက်အဓိပ္ပာယ်ရှိသည့် ချန်ပိုင်တောင် ဟူ၍ အမည်တွင်ခြင်း ဖြစ်သည်။ မြေဆီဩဇာကောင်းမွန်ခြင်း၊ မြေနေရာကျယ်ပြန့်ခြင်း၊ အသွင်စုံလင်ကြွယ်ဝခြင်း၊ သက်တမ်းကြာမြင့်ခြင်း စသည့် ထူးခြားချက်များနှင့် ပြည့်စုံသော သဘာဝအရင်းအမြစ်များနှင့် ယဉ်ကျေးမှု အနှစ်သာရများကြောင့် ထင်ရှားကျော်ကြားသည်။
ချန်ပိုင်တောင်နှင့် ၎င်းနေရာရှိ ရေကန်၊ ရေတံခွန်များ၊ နှင်းရုပ်တုများ၊ သစ်တောများ အစရှိသည်တို့သည် အကြိမ်များစွာ ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း ဝင်ခဲ့ဖူးသည့်အပြင် တရုတ်နိုင်ငံ၏ အကြီးဆုံးတောင် (၁၀)တောင်၊ အလှဆုံး ရေကန် (၅)ကန်နှင့် အလှဆုံး သစ်တော (၁၀)တော တွင်လည်း ပါဝင်ပါသည်။