၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ရှင်းကျန်းဒေသဟာ သာယာဖွယ်နေရာတစ်ခုပါ” ကဏ္ဍတွဲ ဗီဒီယိုအတို တင်ဆက်ခြင်း “လျှာဖျားထက်က ပိုးလမ်းမစားကောင်းသောက်ဖွယ်များ” (အပိုင်း - ၁)
ရှင်းကျန်းဒေသ (Xinjiang) ၏ ကျယ်ပြန့်၍ စုံလင်ကြွယ်ဝသော ပထဝီဝင်ပတ်ဝန်းကျင်၊ အမျိုးမျိုးအဖုံဖုံ စုံလင်များပြားသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် အသွင်မတူ ကွဲပြားစုံလင်သော လူနေမှုပုံစံစရိုက်တို့သည် ဤရှေးဟောင်းမြေနေရာပေါ်တွင် တဖြည်းဖြည်း စုဝေး၍ ဖြစ်တည်လာကာ ယနေ့ခေတ် တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွင် ခေတ်ရေစီးကြောင်းများပါ အတူရောယှက်ပေါင်းစပ်လာခဲ့သည်။
ရှင်းကျန်းဟင်းလျာများသည် အမျိုးစုံလင်လှပြီး ကိုယ်ပိုင်ဝိသေသထူးခြားချက်များဖြင့် ပြည့်နှက်နေပေသည်။ ယခုအစီအစဉ်တွင် ကြည့်ရှုသူပရိသတ်များအဖို့ ပိုးလမ်းမကြီး၏ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းလမ်းကြောင်း ဟူ၍ လမ်းကြောင်း (၃)ခုဖြင့် ပိုးလမ်းမကြီးတစ်လျှောက်ရှိ တစ်မူထူးခြားသော ရှင်းကျန်းစားကောင်းသောက်ဖွယ်များကို မြင်တွေ့ခံစားစေမည် ဖြစ်ပါသည်။
ယခုအပတ်တွင် တောင်ပိုင်းလမ်းကြောင်းကို မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး ဟိုထျန်မြို့ (Hotan) နှင့် တက်(ရှ်)ကာဂန်ကောင်တီ (Tashkurgan) အကြောင်းများကို ဦးစားပေးတင်ဆက်သွားမည်ဖြစ်သည်။
တစ်မူထူးခြားလှသော သဘာဝပတ်ဝန်းကျင်က ဟိုထျန်မြို့ခံများအား ယင်းတို့၏ “မီးဖုတ်မီးကင်ခြင်း” ဟူသော ချက်ပြုတ်နည်းကို ထူးထူးခြားခြား ဆန်းဆန်းပြားပြား ဖြစ်စေပါသည်။ ပေါက်စီမီးဖုတ်၊ သိုးကောင်လုံးကင်၊ ဥမျိုးစုံမီးဖုတ်၊ ဖရဲသီးခိုသားကင် အစရှိသည့် အများနှင့်မတူ တစ်မူထူးခြားသည့် ဒေသထွက် စားကောင်းသောက်ဖွယ်များကို မြင်တွေ့နိုင်ပါသည်။
တက်(ရှ်)ကာဂန်ကောင်တီသည် ရှင်းကျန်းဒေသ၏ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ဆုံးရှိသော ကောင်တီတစ်ခုဖြစ်သည်။ ဤဒေသတွင် အခြေပြုနေထိုင်လျက်ရှိသော တာဂျစ် (Tajiks) တိုင်းရင်းသားလူမျိုးများသည် ကြွပ်ကြွပ်ရွရွနှင့် ချိုမွှေးသင်းပျံ့သော ခါထီလာမာ (Katilama) ဟုခေါ်သည့် ရိုးရာအစားအစာတစ်မျိုးကို မကြာခဏ ပြုလုပ်လေ့ရှိကြသည်။