အွန်လိုင်းတင်ဆက်မှု - ပိုးလမ်းမထက်က ဆန်ရှီးပြည်နယ်မြောက်ပိုင်းနှင့် ကန်းစူးပြည်နယ်အနောက်ပိုင်းဒေသများ၏ ရှုခင်းအလှ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-03-09 12:52:20


WeChat Image_20230309105409.png


ပိုးလမ်းမကြီးသည် နှစ်ပေါင်း (၂၀၀၀) သက်တမ်းကြာမြင့်နေပြီဖြစ်သည့် ယူရေးရှားစင်္ကြံလမ်းတစ်ခုဖြစ်ကာ ရှေးခေတ်ယဉ်ကျေးမှု၏ အောင်မြင်မှုနှင့် အိပ်မက်ပင် ဖြစ်သည်။ ယနေ့ခေတ်၏ ပိုးလမ်းမကြီးသည် တရုတ်နှင့် အနောက်နိုင်ငံများအကြားကို ဆက်သွယ်ပေးထားသော အဓိကလမ်းကြောင်းကြီးတစ်ခု ဖြစ်ရုံသာမက ကုန်ပစ္စည်းများ အပြန်အလှန် ဖြည့်ဆည်းဖြည့်စွက်ပေးနိုင်သော ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် တရုတ်နှင့် အနောက်နိုင်ငံ ယဉ်ကျေးမှုများ၏ ပေါင်းစပ်မှု၊ ဖလှယ်မှုနှင့် ဆက်ဆံရေး လမ်းကြောင်းတစ်ခုလည်း ဖြစ်ပေသည်။


“ပိုးလမ်းမထက်က ဆန်ရှီးပြည်နယ် (Shaanxi) မြောက်ပိုင်းနှင့် ကန်းစူးပြည်နယ် (Gansu) အနောက်ပိုင်းဒေသများ၏ ရှုခင်းအလှ” အွန်လိုင်းတင်ဆက်မှုအစီအစဉ်တွင် “ပိုးလမ်းမပန်းမိုး” ၊ “တွန်းဟွောင်အိပ်မက်” ၊ “ဆုံစည်းကြမယ် နှစ်ပေါင်းထောင်ချီတိုင်ဝယ်” ၊ “သက်တံလမ်း” ၊ “ဆန်ရှီးပြည်နယ်မြောက်ပိုင်းနှင့် ကန်းစူးပြည်နယ်အနောက်ပိုင်းဒေသများဆီ ခရီးစဉ်” ၊ “ကန်စူးအမှတ်တရများ” အစရှိသည့် ကန်းစူးပြည်နယ်၏ ယဉ်ကျေးမှုအနုပညာများအကြောင်းဆိုင်ရာ ဗီဒီယိုနှင့် ဓာတ်ပုံလက်ရာကောင်းများကို ရွေးချယ်ပြသထားပါသည်။ ယခုအစီအစဉ်တွင် အွန်လိုင်းမှတစ်ဆင့် H5 Page ပုံစံဖြင့် ကန်းစူးပြည်နယ် ပိုးလမ်းမယဉ်ကျေးမှု၏ အနှစ်သာရများကို ကြည့်ရှုသူပရိသတ်များအား လေ့လာခံစားစေမည် ဖြစ်ပါသည်။


H5 Link QR Code



WeChat Image_20230309105416.png


WeChat Image_20230309105440.jpg