၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ မြောက်ပိုင်းရှုခင်းအလှနှင့် ကျီလင်ဒေသခံတို့၏ ကျက်သရေအဖြာဖြာ
ဆီးနှင်းများသည် ကျီလင်ဒေသခံ (Jilin) တို့အတွက် သဘာဝတရားကြီးမှ ဖန်ဆင်းပေးအပ်ထားသော ဆုလာဘ်တစ်ခုဖြစ်ပြီး ကျီလင်ပြည်နယ် ဆောင်းရာသီခရီးသွားလာရေး၏ အဓိကအကျဆုံးနှင့် အပေါ်လွင်ဆုံးအချက်လည်း ဖြစ်ပေသည်။ ဆောင်းရာသီအချိန်ရောက်တိုင်း နေရာအနှံ့တွင် ရေခဲနှင့်ဆီးနှင်းများ ဖုံးလွှမ်းနေကာ သဘာဝတရားကြီး၏ မှော်ဆန်သောစွမ်းအားများက ငွေရောင်ဆီးနှင်းများ၊ ကျောက်စိမ်းရောင် သစ်ပင်များနှင့် ကျီလင်ပြည်နယ်ကို သာယာလှပနေစေပါသည်။
ကျီလင်ပြည်နယ်တွင် ဆီးနှင်းကြည့်ရှုခြင်း၊ နှင်းလျှောစီးခြင်း၊ အပျော်ဖောင်စီးခြင်း၊ ဆောင်းရာသီငါးဖမ်းခြင်း၊ နှင်းမှုန်နှင်းခဲတို့ကို ရှုစားခြင်း၊ ရေပူစမ်းစိမ်ခြင်းနှင့် ကြွယ်ဝစုံလင်သော တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၏ ရိုးရာဓလေ့ထုံးတမ်းများကို တွေ့ကြုံခံစားနိုင်ပါသည်။ တောင်တန်းများကြား၌ ဆီးနှင်းများဝန်းရံနေပြီး တိမ်လွှာများကြားတွင် သင်၏စိတ်အာရုံတို့ လွင့်မျောကာ ကျဆင်းလာသောဆီးနှင်းတို့က နှလုံးသားအထိ နွေးထွေးစေပါလိမ့်မည်။