ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - လေပြည်ကလေးနှင့်အတူ သင့်အား ကြိုဆိုလျက်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-03-05 13:52:11


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



အရောင်အသွေးစုံလင်လှသော ယူနန်ပြည်နယ်တွင် အယ်ဟိုင်ကန် (Erhai) ၊ မေလီနှင်းတောင် (Meili) နှင့် လန်ချန်းမြစ် (Lancang) တို့ ရှိပြီး မြီးရှည်၊ နို့ခြောက်ကျော်၊ မှိုမွှေး စသဖြင့် နှစ်သက်ရာ သုံးဆောင်ရင်း နေ့ရက်များကို ဖြတ်သန်းနိုင်ပေသည်။ ရောင်စုံယူနန်မြေရှိ တောတောင်ရေမြေ သဘာဝရှုမျှော်ခင်း အလှတရားများသည် သင့်အား အလုံးစုံသော စိတ်ကျေနပ်မှုများကို ပေးစွမ်းနိုင်ပေလိမ့်မည်။ လေပြည်ကလေးနှင့်အတူ လေနှင်ရာအတိုင်း လိုက်ပါရင်း စိတ်ကူးအိပ်မက်ထဲမှ ဘဝနေထိုင်မှု အလှတရားများကို ရှာဖွေတွေ့ရှိပြီး ယူနန်ပြည်နယ်၏ အသွင်စုံလင်သော တိုင်းရင်းသားရိုးရာဓလေ့များနှင့် စွဲမက်ဖွယ် သဘာဝရှုမျှော်ခင်းများကိုလည်း မြင်တွေ့ခံစားနိုင်စေမည် ဖြစ်ပါသည်။ 


ယူနန်ပြည်နယ်သည် ကဗျာဆန်ဆန် ပွင့်ဖူးနေကြသော ရောင်စုံပန်းပွင့်များ၊ အရသာ စစ်မှန်လေးပင်သော လက်ဖက်ရည်ကြမ်း၊ ရနံ့ထုံသင်းသော ကော်ဖီမွှေး၊ လတ်ဆက်၍ အရသာရှိသော မှိုများ၊ ချိုမွှေးကြိုင်လှိုင်သော သစ်သီးဝလံများ ..... အစရှိသည်တို့ဖြင့် အားလုံးအား စောင့်မျှော်ကြိုဆိုနေပါသည်။


WeChat Image_20230306093632.gif

WeChat Image_20230306093643.gif