၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ရှင်းကျန်းဒေသဟာ သာယာဖွယ်နေရာတစ်ခုပါ” ဓာတ်ပုံလက်ရာပြပွဲ အပိုင်း (၃) - အံ့ဖွယ်ရေခဲဆီးနှင်းကမ္ဘာ


မြင့်မားမတ်စောက်သော နှင်းတောင်တန်းအပါအဝင် ပြာလဲ့လဲ့ရေကန်သာ၊ ကျယ်ပြောလှသော ဂိုဘီသဲကန္တာရအပါအဝင် မြစိမ်းရောင် မြက်ခင်းလွင်ပြင်၊ ယဉ်ကျေးမှုအမွေအနှစ်များအပါအဝင် အစားအသောက်နှင့် တေးဂီတအကများ စသော အကြောင်းအရာစုံလင်လှသည့် “ရှင်းကျန်းဒေသဟာ သာယာဖွယ်နေရာတစ်ခုပါ” ဓာတ်ပုံလက်ရာပြပွဲသည် ရင်သပ်ရှုမောဖွယ်ရာ ဓာတ်ပုံကားချပ်ပေါင်း (၁၀၀) ဖြင့် ဤကျယ်ပြောလှသော ရှင်းကျန်းမြေထက်မှ သဘာဝအလှတရား၊ ယဉ်ကျေးမှုအလှတရားနှင့် ရေခဲဆီးနှင်းအလှတရားတို့ကို ရှုထောင့်မျိုးစုံမှ ရုပ်လုံးကြွအသက်ဝင်စွာ တင်ဆက်ပြသထားပြီး ကြည့်ရှုရသူအဖို့ သာယာလှပသော ရှင်းကျန်းဒေသ၏ ရှုမငြီးဖွယ် မြင်ကွင်းများကို မြင်တွေ့ခံစားနိုင်ရန် ခေါ်ဆောင်ပေးသွားမည်ဖြစ်သည်။
ယခုအပတ် အစီအစဉ်တွင် “အပိုင်း(၃) - အံ့ဖွယ်ရေခဲဆီးနှင်းကမ္ဘာ” အား တင်ဆက်ပြသသွားမည် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ သဲကန္တာရအများစုတွင် ဆောင်းတွင်းအချိန်၌ နှင်းကျလေ့မရှိပေ။ သို့သော် တာလီမခန်း (Taklamakan) သဲကန္တာရတွင်မူ သဲကန္တာရနှင့်နှင်းမှုန်ခဲတို့ ပေါင်းစုံနေသည့် ထူးထူးခြားခြား စိတ်ကူးယဉ်အိပ်မက်ဆန်ဆန် မြင်ကွင်းအလှကို တွေ့မြင်နိုင်သည်။ သစ်ပင်ပန်းမန်များ ဖူးပွင့်ဝေဆာနေပြီး ဖြူဖွေးလှပနေသော မြင်ကွင်းက ဒဏ္ဍာရီကမ္ဘာလေးထဲသို့ ဝင်ရောက်လိုက်ရသည့်အလား ထင်မှတ်မှားစေပါသည်။

Lake under Bogda Peak

Narat National Wetland Park

Great Canyon, Tianshan Mountains

Sunset over Populus Euphratica Forest

Duku Highway (Dushanzi in the North of Xinjiang and Kucha in the South)-China's Most Beautiful Highway.

