ပေါက်ဖော်နဲ့အတူ တရုတ်နိုင်ငံလည်ကြစို့ - မနောပွဲတော်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-03-01 12:00:39


ဗီဒီယိုကို တက်ဟုန်းပြည်နယ်ခွဲမီဒီယာအုပ်စု ပေါက်ဖော်(မြန်မာ)သတင်းစာမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ဂျင်းဖောလူမျိုးတို့ (Jingpo) ပေါင်းစုနေထိုင်ရာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် (Yunnan) ရှိ တက်ဟုန်းပြည်နယ်ခွဲတွင် နှစ်စဉ် တရုတ်ပြက္ခဒိန်၏ (၁)လပိုင်း (၁၅)ရက်နေ့ဝန်းကျင်၌ ဂျိန်းဖောလူမျိုးများ၏ အကြီးကျယ် အခမ်းနားဆုံး ရိုးရာပွဲတော်ဖြစ်သည့် “မနောပွဲတော်” ကို ကျင်းပလေ့ရှိပါသည်။ ဤပွဲတော်ချိန်ရောက်သည့်အခါ အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေကြသော ဂျိန်းဖောလူမျိုးတို့သည် ပြန်လည်ဆုံစည်းကြကာ အတူတကွ တပျော်တပါး သီဆိုကခုန်လေ့ရှိကြသည်။ ယင်းပွဲတော်တွင် လူအယောက် အနည်းဆုံး ထောင်ကျော်၊ အများဆုံး သောင်းကျော်နီးပါး စုဝေးကခုန်ကြသောကြောင့် “လူသောင်းချီကခုန်တဲ့အက” ဟူ၍လည်း တင်စားခေါ်ဝေါ်ကြပါသည်။



“မနောပွဲတော်”သည် သမိုင်းကြောင်း ရှည်ကြာပြီး လူအများ နှစ်သက်ရုံသာမက ဂျိန်းဖောလူမျိုးတို့၏ ဘာသာရေးယုံကြည်ကိုးကွယ်မှုများ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အယူအဆများနှင့် ယဉ်ကျေးမှု အနုပညာထူးခြားမှုများကိုလည်း ပေါ်လွင်ထင်ရှားနေစေပါသည်။