ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - ယူနန်မြေ၏ နွေဦးရာသီမှ သင့်အား ကြိုဆိုလျက်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-02-26 19:53:11


အရင်းအမြစ် - ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာန


ဆောင်းရာသီကုန်လွန်၍ ရေခဲဆီးနှင်းများ အရည်ပျော်ကာ အရာအားလုံး ပြန်လည်နိုးထလာပြီး ပန်းပေါင်းစုံ ဝေဆာဖူးပွင့်သည့် နွေဦးရာသီသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ဤကဲ့သို့ သာယာကောင်းမွန်သည့် ရာသီချိန်၌ ကဗျာဆန်စွာ လှပနေသော ယူနန်ပြည်နယ်ရှိ တာလီမြို့ (Dali) ၊ ဖူအယ်မြို့ (Pu'er) နှင့် ဟုန်ဟယ်ဒေသ (Honghe) စသည့်ဒေသများမှ တောင်တန်းများ၊ မြစ်ချောင်းများ၊ လျှိုစောက်များနှင့် ရေတိမ်ဒေသများတွင် ကျေးငှက်တွန်ကျူးသံများနှင့် ပန်းရနံ့သင်းများ ပျံ့လွင့်ကြိုင်သင်းနေပေသည်။ ၂၀၂၃ ခုနှစ် နှစ်သစ်အချိန်အခါသမယသည် မျှော်လင့်ချက်များအားလုံးကို စတင်အကောင်အထည်ဖော်ရန်အတွက် အသင့်ဖြစ်နေပြီး ပန်းမာလာတို့ ပွင့်ဖူးရာ အေးချမ်းသာယာသည့် ယူနန်ပြည်နယ်၏ နွေဦးရာသီသည် အားလုံးအား စောင့်မျှော်ကြိုဆိုနေပါသည်။