၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “သာယာလှပ မြောက်ပိုင်းဟေးလုံကျန်းဒေသ” ဓာတ်ပုံပြပွဲ အပိုင်း(၁) - ရေများ၏ သွင်ပြောင်းအိပ်မက်ကမ္ဘာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-01-05 16:58:21



“သာယာလှပ မြောက်ပိုင်းဟေးလုံကျန်းဒေသ” ဓာတ်ပုံပြပွဲသည် “ရေများ၏ သွင်ပြောင်းအိပ်မက်ကမ္ဘာ၊ ဆီးနှင်းဖွဲ့ချစ်ခြင်း၊ ဆန်းကြယ်စုံလင် ဤကမ္ဘာမြေ၊ ရေခဲမှသည် အသွင်သစ်သို့တစ်ဖန်” ဟူသော ခေါင်းစဉ်လေးခုဖြင့် ဟေးလုံကျန်းပြည်နယ် (Heilongjiang) ၏ အသွင်စုံလင်လှသော ယဉ်ကျေးမှုနှင့် ခရီးသွားအရင်းအမြစ်များကို တင်ဆက်သွားမည် ဖြစ်ပါသည်။ “မြောက်ပိုင်းရှုခင်းအလှ ဟေးလုံကျန်းတွင်သပ” ဟူသည့်အတိုင်း ဟေးလုံကျန်းပြည်နယ်၏ အလှအပများကို ရှုထောင့်မျိုးစုံမှ ပေါ်လွင်စွာ တင်ဆက်ဖော်ပြထား၍ ပရိသတ်များအနေဖြင့် ကြည်နူးစိတ်လှုပ်ရှားဖွယ် ခရီးစဉ်ကို အွန်လိုင်း (Online) မှတစ်ဆင့် ခံစားနိုင်မည် ဖြစ်ပါသည်။


ယခုတစ်ပတ် “ရေများ၏ သွင်ပြောင်းအိပ်မက်ကမ္ဘာ” အပိုင်းတွင် တရုတ်နိုင်ငံမြောက်ပိုင်းဒေသ၏ ရှုခင်းအလှအပများနှင့် ရေခဲဆီးနှင်းရုပ်တုများကို တင်ဆက်ပြသထားပါသည်။ ထိုကဲ့သို့ အသက်ဝင်လှသည့် ပုံရိပ်များမှတစ်ဆင့် မြေဆီဩဇာ ကောင်းမွန်ပြီး လှပဆန်းကြယ်သည့် ဟေးလုံကျန်းပြည်နယ်၏ အမြဲမပြတ် ဆန်းသစ်ဖန်တီးမှု၊ အားထုတ်ကြိုးပမ်းမှု၊ သဟဇာတဖြစ်မှုနှင့် နွေးထွေးပျူငှာမှု စသည့် လူမှုစိတ်ဓာတ်များကို သရုပ်ဖော်ပြသနိုင်ရန် မျှော်လင့်ပါသည်။