၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ရေခဲဆီးနှင်းအလှမြေ လျောင်နင်ပြည်နယ်” ရေခဲဆီးနှင်းဓာတ်ပုံပြပွဲ - အပိုင်း(၂) ဆီးနှင်းမြို့တော်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-01-01 18:48:55



နှင်းပွင့်ဖြူဖြူနှင့် အုတ်ချပ်နီနီတို့၏ ထိတွေ့မှုများက စိန်ယန်မြို့ (Shenyang) ၏ နှစ်ပေါင်းထောင်ချီကြာ ရှေးဟောင်းအငွေ့အသက်တို့ကို သရုပ်ပေါ်ထင်ရှားနေစေရုံသာမက ၎င်းမြို့နှင့်ပတ်သက်သော အမှတ်တရများကိုလည်း ထင်သာမြင်သာ ပေါ်လွင်လာစေသည်။ ယင်းမြို့၏ ခမ်းနားထည်ဝါမှုနှင့် အေးချမ်းသာယာမှုတို့က နှင်းပွင့်များအကြား ပွင့်လန်းဝေဆာနေကာ အိမ်အမိုးအုတ်ကြွပ်ပြားတို့အကြား လှုပ်ရှားသက်ဝင်နေပါသည်။


ဆီးနှင်းများကျပြီးနောက် တာ့လျန်မြို့ (Dalian) တစ်ခွင်တစ်ပြင်ကို မျက်စိတစ်ဆုံး ရှုမျှော်လိုက်ပါက ထန်ခေတ်ကဗျာဆရာ လျိုကျုံးယွမ် (Liu Zongyuan) ၏ “တောင်များအကြား ငှက်များပျောက်ကွယ်ကာ၊ လမ်းများအထက် လူသူကင်းရှင်းနေ” ဟူသော ကဗျာစာသားထဲမှ မြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အလား တိတ်ဆိတ်ငြိမ်သက်လျက် ရှိပါသည်။ 


ဆောင်းရာသီအချိန် ကျင်ကျိုးမြို့ (Jinzhou) သို့ သွားရောက်လည်ပတ်သည့်အခါ ရေပူစမ်းတွင် ရေစိမ်ကာ နှင်းပွင့်များ လွင့်ဝဲနေပုံလေးများကို ကြည့်ရှု၍ စုန်းစန်းတောင်တန်းကြီး၏ ထည်ဝါမြင့်မားမှုများကို ရှုစားခြင်းများက အကောင်းဆုံးရသများကို ရရှိခံစားစေပါသည်။ ဘဝခရီးကြီးက ရှည်လျားကျယ်ပြောရုံသာမက အချိန်နာရီများကလည်း တဖြည်းဖြည်း နှေးကွေးငြိမ်သက်သွားပါလိမ့်မည်။