၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ရေခဲဆီးနှင်းအလှမြေ လျောင်နင်ပြည်နယ်” လျောင်နင်ပြည်နယ်၏ အဆင့်မြင့် နှင်းလျှောစီးကွင်းတစ်ခုဖြစ်သည့် တာ့လျန်မြို့ အန်းပေါရေပူစမ်းနှင့် နှင်းလျှောစီးအပန်းဖြေစခန်း
တာ့လျန်မြို့ (Dalian) အန်းပေါရေပူစမ်းနှင့် နှင်းလျှောစီးအပန်းဖြေစခန်း (Anbo) သည် ဖူလန်တျန့်ဒေသ (Pulandian) ၏ မြို့ပြအချက်အချာနေရာမှ (၇၅) ကီလိုမီတာအကွာ၊ တာ့လျန်မြို့မှ (၁၅၀) ကီလိုမီတာအကွာတွင် တည်ရှိပြီး လျောင်နင်ပြည်နယ် (Liaoning) ရှိ အကြီးဆုံးနှင့် ထောက်ပံ့မှု အပြည့်စုံဆုံးသော နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခု ဖြစ်သည်။ ၎င်းအပန်းဖြေစခန်းသည် နှင်းကျချိန်ကြာမြင့်ခြင်း၊ နှင်းအရည်အသွေးကောင်းမွန်ခြင်း စသည့် ထူးခြားချက်များ ရှိသည်။ ပတ်ဝန်းကျင်တစ်ခွင်တွင် သစ်ပင်ပန်းမန်းများဖြင့် စိမ်းစိုမြိုင်ဆိုင်နေပြီး လေထုညစ်ညမ်းစေသည့် စက်မှုလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ မရှိသောကြောင့် လေကောင်းလေသန့် ရရှိနိုင်ပါသည်။
ဤနှင်းလျှောစီးအပန်းဖြေစခန်းတွင် တရုတ်နိုင်ငံ တာ့လျန်မြို့ (အန်းပေါ) နိုင်ငံတကာ ရေပူစမ်းနှင့် နှင်းလျှောစီးပွဲတော်ကို (၁၃) ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ယင်းအပန်းဖြေစခန်းသည် “ရေပူစမ်း + နှင်းလျှောစီး + အားကစား နှင့် စျေးဝယ်ထွက်ခြင်း + ကျေးလက်ခရီးသွားခြင်း” စသည့် အသွင်ပုံစံတို့ဖြင့် ခရီးသွားဧည့်သည်များအတွက် အထင်ကရ အစားအစာများ၊ ယဉ်ကျေးမှု၊ အားကစား၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ရေးလှုပ်ရှားမှုပွဲများကို တစ်စုတည်း ပေါင်းစည်းကာ ခရီးသွားလာခြင်းနှင့် ယဉ်ကျေးမှုသဘင်ပွဲသဖွယ် စီစဉ်ထားရှိပါသည်။