၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ရေခဲဆီးနှင်း အလှမြေ လျောင်နင်ပြည်နယ်” လျောင်နင်ပြည်နယ်၏ အဆင့်မြင့် နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခုဖြစ်သည့် စိန်ယန်မြို့ အရှေ့မြောက် အာရှ နှင်းလျှောစီးအပန်းဖြေစခန်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-12-29 16:30:11




လျောင်နင်ပြည်နယ် (Liaoning) ၏ ဆောင်းရာသီကာလရှိ အပူချိန်သည်  ကမ္ဘာကျော် ရေခဲဆီးနှင်းရှုခင်းသာနေရာများနှင့်ပင် တုပြိုင်နိုင်ပြီး ရေခဲဆီးနှင်းကမ္ဘာတွင် ရှိနေသည့်တိုင်အောင် ခြေလက်အေးခဲမှုများကို ခံစားရမည်မဟုတ်ပေ။ နှင်းလျှောစီးကွင်းပေါင်း (၈၀) နီးပါး ရှိသည့်အနက် အဆင့်မြင့် နှင်းလျှောစီးကွင်း (၃၈)ခု ရှိပြီး သင့်အား နှင်းလျှောစီးအတွေ့အကြုံ ရသမျိုးစုံတို့ကို ရရှိခံစားစေမည်ဖြစ်သည်။


စိန်ယန်မြို့ (Shenyang) အရှေ့မြောက်အာရှ နှင်းလျှောစီးအပန်းဖြေစခန်း (Northeast Asia Ski Resort) သည် စိန်ယန်မြို့ အမျိုးသားသစ်တောဥယျာဉ်အတွင်းတွင် တည်ရှိပြီး ဧရိယာစုစုပေါင်း ၃၅၀၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသည်။ ၎င်းအပန်းဖြေစခန်းသည် စိန်ယန်မြို့မှ ကီလိုမီတာ (၄၀) ကွာဝေးပြီး တောင်စဉ်တောင်တန်းများ ပတ်လည်ဝန်းရံလျက်ရှိသည်။ ဤနေရာတွင် တစ်နှစ်တာကာလအတွင်း နှင်းကျသည့်အချိန်သည် (၄)လနီးပါးကာလရှိပြီး နှစ်စဉ် နိုဝင်ဘာလအကုန်တွင် နှင်းလျှောစီးအားကစားအစီအစဉ်များကို ကျင်းပပြုလုပ်လေ့ရှိသည်။


နှင်းလျှောစီးအပန်းဖြေစခန်းတွင် အဆင့်မြင့်၊ အလယ်အလတ်၊ အငယ်တန်းအဆင့်၊ ကလေးသူငယ်နှင့် သင်တန်းပို့ချမှု စသဖြင့် နှင်းလျှောစီးလမ်းကြောင်း စုစုပေါင်း (၁၂)စင်း ရှိပြီး အဆိုပါလမ်းကြောင်းများ၏ စုစုပေါင်းအရှည်သည် မီတာ (၄၃၀၀) အထိ ရှိသည်။ နှင်းလျှောစီးလမ်းကြောင်း၏ အကွေးအခုံးများသည် အနေတော်ပင်ဖြစ်ပြီး ဘေးကင်းလုံခြုံမှုရှိ၍ အဆင်ပြေလှသဖြင့် နှင်းလျှောစီးအားကစားဝါသနာရှင်အပေါင်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။


နှင်းလျှောစီးကွင်းတွင် ဘောကွင်းနှင်းလျှောစီးခြင်း၊ လှိုင်းစီးခြင်း စသဖြင့် နှင်းလျှောစီးအားကစားအစီအစဉ် အမျိုး (၂၀) ကျော် ပါဝင်ပြီး လူကြီးလူငယ်မရွေး ဆော့ကစားနိုင်ကာ လာရောက်လည်ပတ်သူများအား ရေခဲဆီးနှင်းဆိုင်ရာ ပျော်ရွှင်ဖွယ်ရာများကို တွေ့ကြုံခံစားစေမည်ဖြစ်သည်။