၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ရေခဲဆီးနှင်းအလှမြေ လျောင်နင်ပြည်နယ်” ရေခဲဆီးနှင်းဓာတ်ပုံပြပွဲ - အပိုင်း(၃) သုခမြို့တော်
လျောင်နင်ပြည်နယ် (Liaoning) တွင် လမ်းကြောင်းအသွယ်သွယ်မှ လိုရာခရီးသို့ ပေါက်ရောက်သော မြန်နှုန်းမြင့်ရထားလမ်း၊ အဝေးပြေးလမ်း၊ လေကြောင်းလိုင်း၊ ဆိပ်ကမ်းတို့ရှိခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ လွယ်ကူမြန်ဆန်လှပါသည်။
ဤပြည်နယ်တွင် တရုတ်နိုင်ငံ၏ မြောက်ဘက်စွန်း ကမ်းရိုးတန်းရေခဲပြင်ပေါ်၌ သွားလာခြင်း၊ ရေခဲဆီးနှင်း ပျော်ပွဲရွှင်ပွဲနှင့် ရေခဲပြင် နဂါးလှေလှော်ပွဲ အစရှိသည့် အလွန်ဆွဲဆောင်မှုရှိသော ရေခဲဆီးနှင်းဆိုင်ရာ အစီအစဉ်များစွာ ရှိပါသည်။ အခုရေ (၄၀)နီးပါးခန့်ရှိသော အဆင့်မြင့်နှင်းလျှောစီးကွင်း၊ ရေပူစမ်းအရင်းအမြစ်ပေါင်း (၁၅၀)ကျော်နှင့် ပျော်ရွှင်စရာကောင်းသော နှစ်သစ်ကူး ရိုးရာယဉ်ကျေးမှုဓလေ့များက ပရိသတ်များအား လျောင်နင်ပြည်နယ်၏ အားမာန်တက်ကြွမှုတို့ကို အပြည့်အဝခံစားရစေမည်ဖြစ်သည်
ရေခဲဆီးနှင်းများ ဆော့ကစားခြင်း၊ ရေပူစမ်းစိမ်ခြင်းများ ပြုလုပ်ရင်းဖြင့် လျောင်နင်ပြည်နယ်တွင် နွေဦးနှစ်သစ်ကူးပွဲတော်ကို ဖြတ်သန်းရန် လှိုက်လှဲစွာ ဖိတ်ခေါ်ကြိုဆိုလိုက်ပါရစေရှင်။