၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “လေ့လာဖွေရှာ ဆန်းရှီးအလှအပအဖြာဖြာ” ယဉ်ကျေးမှုခရီးသွား ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - ဖွေဖွေရှာရှာ သူလေ့လာ (အပိုင်း - ၃)
ဤအစီအစဉ်သည် ဖွံ့ဖြိုးတိုးတက်နေဆဲ ဆန်းရှီးပြည်နယ် (Shanxi) အကြောင်းများကို အင်္ဂလန်နိုင်ငံသား Rees ၏ ရှုထောင့်အမြင်မှနေ၍ ပေါ်လွင်စွာ ဖော်ပြတင်ဆက်ထားပါသည်။ ဤအစီအစဉ်သည် သင့်အား ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်မြို့ (Taiyuan) ၊ တာ့ထုံမြို့ (Datong) ၊ ကျင့်ကျုံးမြို့ (Jinzhong) ၊ လင်ဖန်မြို့ (Linfen) ၊ ယန်ချွမ်မြို့ (Yangquan) နှင့် ရှော့ကျိုးမြို့ (Shuozhou) များသို့ ခေါ်ဆောင်ကာ ဆန်းရှီးပြည်နယ်၏ အသစ်အဆန်းများကို တွေ့မြင်ခံစားစေပြီး ဆန်းရှီးပြည်နယ် ထူးခြားချက်များကို လေ့လာသိရှိစေမည် ဖြစ်ပါသည်။
အခန်းငယ်လေး၏ အနာဂတ်အိပ်မက်
ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်- ၁၉) စမ်းသပ်စစ်ဆေးသည့် အခန်းငယ်၊ သုညစွမ်းအင် အခန်းငယ်နှင့် ကုန်ပစ္စည်းအမျိုးအစားအသစ်ဖြစ်သော အေရိုဂျယ် (aerogel) ၏ ဆန်းသစ်မှုများကို လေ့လာရင်း ဆန်းရှီးပြည်နယ်၏ ခေတ်မီတိုးတက်မှုများကို တွေ့မြင်ခံစားနိုင်မည် ဖြစ်ပါသည်။
မဟာတံတိုင်းအပြင်ဘက်တွင် သိုးကျောင်းခြင်း
လွင်တီးခေါင်ပြင်သဲကန္တာရမှ အိုအေစစ်အဖြစ်သို့ လည်းကောင်း၊ ဂိုဘီသဲကန္တာရမှ မြက်ခင်းလွင်ပြင်အဖြစ်သို့ လည်းကောင်း ပြောင်းလဲမှုများကို လေ့လာသိရှိနိုင်မည် ဖြစ်ပါသည်။ ယို့ယွိကောင်တီ (Youyu) တွင် ဂေဟစနစ်ပတ်ဝန်းကျင် ပြောင်းလဲမှုအသစ်များ ဖြစ်ပေါ်လာခဲ့ပြီး နည်းပညာအသစ်များက ကြီးပွားတိုးတက်ရေး မျှော်လင့်ချက်များကို ဖြစ်ထွန်းလာစေခဲ့ပါသည်။ မဟာတံတိုင်းအပြင်ဘက်ရှိ အစိမ်းရောင်လုပ်ငန်းများကို လေ့လာပြီး အားမာန်အပြည့်ဖြင့် သစ်လွင်နေသော ယို့ယွိကောင်တီကို ရှုမြင်ခံစားကြရမည် ဖြစ်ပါသည်။