၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ရေခဲဆီးနှင်းအလှမြေ လျောင်နင်ပြည်နယ်” ရေခဲဆီးနှင်းဓာတ်ပုံပြပွဲ - အပိုင်း(၁) နိဒါန်း
လျောင်နင်ပြည်နယ် (Liaoning) သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ရေခဲဆီးနှင်းနှင့် ရေပူစမ်းများ အစရှိသည့် ခရီးသွားအရင်းအမြစ်များစွာ ပေါများကြွယ်ဝကာ အရည်အသွေးကောင်းမွန်လှသည်။ ယခုအကြိမ်ပြပွဲတွင် လျောင်နင်ပြည်နယ် နေရာအနှံ့အပြားမှ စွဲမက်ဖွယ်ကောင်းသော ဆောင်းရာသီ ရေခဲဆီးနှင်းရှုမျှော်ခင်းများကို စုစည်းပြသထားပြီး ဓာတ်ပုံလက်ရာမွန် တစ်ပုံချင်းစီမှတစ်ဆင့် ပရိသတ်တို့နှင့်အတူ လျောင်နင်ပြည်နယ်၏ အလှတရားကို လေ့လာရှာဖွေကာ လျောင်နင်ပြည်နယ်၏ သာယာကောင်းမွန်မှုတို့ကို လက်တွေ့ခံစားလိုက်ရအောင်လားရှင်။
ယင်းပြည်နယ်တွင် အရှိန်ပြင်းပြင်း တောင်ဆင်းနှင်းလျှောစကိတ်စီးခြင်း၏ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမှု၊ ဆီးနှင်းများအကြား ဝဲ၍ ပျံသန်းဟန် နှင်းလျှောစီးခြင်း၊ မြူးထူးပျော်ရွှင်စွာ စွတ်ဖားစီးခြင်း၏ ပျော်ရွှင်မှုတို့ကို တွေ့ကြုံခံစားနိုင်ပါသည်။ အနားယူချိန်တွင် ရေနွေးငွေ့နှင့် မီးခိုးငွေ့တလူလူအကြား လက်ဖက်ရည်ကျိုချက်ရင်း ဆီးနှင်းများအား ကြည့်ရှုခံစားနိုင်ပါသည်။ သာယာပျော်ရွှင်ဖွယ် ပွဲတော်ချိန်တွင်လည်း ဆောင်းရာသီငါးဖမ်းခြင်းကို ကြည့်ရှုခြင်း၊ ပွဲစျေးတန်းလည်ပတ်ခြင်း၊ ဘုရားပွဲလည်ပတ်ခြင်း၊ တရုတ်အိုးစည်ကပွဲတို့ဖြင့် စည်ကားသိုက်မြိုက်လှပါသည်။