၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ဆောင်းဥတုဒဏ္ဍာရီ” ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - ငွေရောင်ခြယ် ချိဖုန်းမြို့
ချိဖုန်းမြို့ (Chifeng) ၏ ပန်းပေါင်းစုံ ဝေဆာဖူးပွင့်သော နွေဦးရာသီ၊ အသွင်စုံလင်ပြီး နွေးထွေးသော နွေရာသီ၊ အရောင်အသွေး စုံလင်လှပသော ဆောင်းဦးရာသီတို့ကို မြင်တွေ့ပြီးလျှင် ငွေနှင်းရောင် ဖုံးလွှမ်းနေသော ဆောင်းရာသီ အလှတရားများကိုလည်း လက်လွှတ်မခံသင့်ပေ။ ငွေနှင်းရောင် ခြယ်မှုန်းထားသကဲ့သို့ လှပနေသည့် ချိဖုန်းမြို့ပုံရိပ်များကို ဤအစီအစဉ်မှတစ်ဆင့် ပရိသတ်များ မျက်ဝါးထင်ထင် တွေ့မြင်ခံစားကြရမည် ဖြစ်ပါသည်။
ဆောင်းရာသီတွင် မြေပြင်အပြည့် ဖုံးလွှမ်းထားသော ဆီးနှင်းဖြူများသည် စိမ်းလန်းနေသော ဟွမ်ကန်လျန်တောင် (Huanggangliang) ကို ပို၍ ပေါ်လွင်လှပစေပါသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး ဆိတ်ငြိမ်အေးချမ်းလျက်ရှိပြီး တစ်ဖက်တွင်လည်း Picea Mongolica အပင်များ တသီးတသန့် မြင့်မားမတ်စောက်စွာ ပေါက်ရောက်နေကြပါသည်။ ဤမြင်ကွင်းကား စိမ်းစိုစိုသစ်ပင်များက ၎င်း၏ သိမ်မွေ့သော နှလုံးသားကို ဖြူဖွေးဖွေးနှင်းမှုန်လေးအား တီးတိုးရင်ဖွင့်နေသယောင် ထင်မှတ်ရပါသည်။ ဆောင်းရာသီအချိန်၌ ဟွန်စန့်တာခယ့်ကန္တာရ (Hunshandake) နှင့် ဝူးလန်ပုထုန်မြက်ခင်းပြင် (Ulan Butong) တို့သည် စင်စင်ကြယ်သည့် အဖြူရောင်အောက်ခံပေါ်တွင် စိတ်အလိုကျအတိုင်း လှုပ်ရှားသက်ဝင်ကာ သရုပ်ပြနေကြပါသည်။ ရှေးကျသော ရှီးလာမုလွန်မြစ် (Xar Moron) သည်လည်း နှစ်ပေါင်းထောင်ချီ ပဲ့တင်ထပ်နေသော ဖြတ်တောက်မရသည့် မေတ္တာရေစီးများအကြောင်းကို သီဆိုဖော်ကျူးနေပါတော့သည်။
ငွေရောင်ခြယ် ချိဖုန်းမြို့၏ တလက်လက် တောက်ပနေသော မီးအလင်းရောင်များက မိတ်ဆွေတို့အား စောင့်မျှော်ကြိုဆိုလျက် ရှိပါသည်။