၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ဆောင်းဥတုဒဏ္ဍာရီ” ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - အာဆန်မြို့ ဆောင်းရာသီခရီးသွားမိတ်ဆက်ဗီဒီယို
ရှင်းအန်းတောင်တန်းကြီး (Greater Khingan Range) ၏ အတွင်းပိုင်းတွင် သစ်တောကြီးနှင့် မြက်ခင်းလွင်ပြင်များက အပြန်အလှန် ထွေးပိုက်တည်ရှိနေပြီး ရေခဲဆီးနှင်းနှင့် ရေပူစမ်းများက အချင်းချင်း အဖော်ပြုလျက်ရှိနေသည့် နေရာတစ်နေရာရှိသည်။ ၎င်းနေရာမှာ အာဆန်မြို့ (Arxan) ပင် ဖြစ်သည်။
ဆောင်းရာသီတွင် အာဆန်မြို့နေရာအနှံ့ ငွေနှင်းဖြူများအပြည့် လွှမ်းခြုံနေပြီး ထူထဲလှသော နှင်းပြင်ကြီးသည် အေးချမ်းငြိမ်သက်နေသော မြို့ငယ်လေးကို ဖုံးလွှမ်းလျက်ရှိသည်။ တောင်တန်းလွင်ပြင်တစ်လျှောက်ရှိ ရေခဲပန်းဆွဲများက ဤငွေမှုန်မြူနှင်း ဒဏ္ဍာရီကမ္ဘာငယ်အတွက် စိတ်ကူးအတွေးပုံရိပ်မျိုးစုံတို့ကို ပို၍ပင် ဖန်တီးဖြစ်ပေါ်လာစေပါသည်။
အာဆန်မြို့သို့ အရောက်လှမ်းလာပြီး စိတ်လှုပ်ရှားတက်ကြွဖွယ် ရေခဲဆီးနှင်းအတွေ့အကြုံများကို တွေ့ကြုံခံစားနိုင်ကာ ဆောင်းရာသီနှင့် သက်ဆိုင်သည့် အကြောင်းအရာဇာတ်လမ်းနှင့် ကြည်နူးပျော်ရွှင်ဖွယ်ရာ အမှတ်တရများအားလုံးကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။