၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “အတွင်းမွန်ဂိုးလီးယား ရေခဲဆီးနှင်းအလှတရား” ဓာတ်ပုံပြပွဲ - ရေခဲဆီးနှင်းအားကစားကဏ္ဍ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-12-21 11:50:19



အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နိုင်ငံ၏ မြောက်ဘက်တည့်တည့်တွင် တည်ရှိသည်။ “သာယာအလှဖြာ မြောက်ပိုင်းဒေသမှာ၊ ရေခဲဖုံးလွှမ်း ဆီးနှင်းလွင့်ဝဲ” ဟူသော စာသားမှာ အတွင်းမွန်ဂိုးလီးယားဒေသ၏ ဆောင်းရာသီကို ဖော်ကျူးရေးစပ်ထားခြင်းပင်ဖြစ်သည်။ ငွေနှင်းပွင့်များ လွင့်ကာလွင့်ကာ၊ သစ်ပင်များအထက် ဖုံးလွှမ်းလို့ရယ် အတွင်းမွန်ဂိုးလီးယားဒေသ၏ ဆီးနှင်းတဖွဲဖွဲ ရှုခင်းအလှကို ခြယ်မှုန်းပေးနေပါသည်။ သဘာဝအရင်းအမြစ်များကို ဒေသဓလေ့များ၊ သမိုင်းဝင်အမွေအနှစ်နေရာများ အစရှိသည့် ယဉ်ကျေးမှုအရင်းအမြစ်များနှင့် ပြီးပြည့်စုံစွာ ရောယှက်ပေါင်းစပ်လိုက်သည့်အခါ ယင်းဒေသ၏ ဆောင်းရာသီချိန်ခါ ခရီးသွားဆိုင်ရာ ထူးခြားချက်များကို ထင်ရှားပေါ်လွင်လာစေသည်။


ယခုအကြိမ်ပြပွဲတွင် “ရေခဲဆီးနှင်းသဘာဝရှုခင်းကဏ္ဍ”၊ “ရေခဲဆီးနှင်းဧည့်ဂေဟာကဏ္ဍ”နှင့် “ရေခဲဆီးနှင်းအားကစားကဏ္ဍ” ဟူ၍ ကဏ္ဍ(၃)ရပ် ပါဝင်ပြီး အတွင်းမွန်ဂိုးလီးယားဒေသ၏ ပထဝီဝင်အားသာချက်များရှိသော ရေခဲဆီးနှင်းအရင်းအမြစ်များနှင့် တစ်မူထူးခြားသော ယဉ်ကျေးမှုရိုးရာဓလေ့များကို အသက်ဝင်စွာ တင်ဆက်ပြသထားပါသည်။


ဆီးနှင်းဝေဝေဖြာဖြာ၊ သီချင်းသံမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ယခုတစ်ပတ်အစီအစဉ်တွင် “ရေခဲဆီးနှင်းအားကစားကဏ္ဍ”ကို မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ 


ခွန်းလွင် (Kunlun) အပြည်ပြည်ဆိုင်ရာ နှင်းလျှောစီးအပန်းဖြေစခန်းတွင် မီတာထောင်ချီကျော် ရှည်လျားသော ဆီးနှင်းလမ်းပေါ်၌ ပျော်ပျော်ပါးပါး ဆော့ကစားနိုင်သည်။ သဲကန္တာရနှင်းတောထဲတွင် လှိုင်းစီးရင်း စွန့်စားရေးခရီးစဉ်တစ်ခုကို ဖန်တီးနိုင်ရုံသာမက ချိဖုန်းမြို့ (Chifeng) ရှိ ယွိလုံသဲကန် (Yulong Sand Lake) ကို စူးစမ်းရှာဖွေကာ ဆောင်းရာသီချိန်ခါ ကန္တာရတောတွင်းလေ့လာရေး ခံစားမှုမျိုးကို တစ်ဝကြီး ပျော်မွေ့ခံစားနိုင်သည်။ ထို့အပြင် တာယိဟန့်မူးလားစူးမူး (Darihanwula Sumu) ဒေသတွင် ဆောင်းနှင်းတဖွေးဖွေး မြက်ခင်းပြင်ကုလားအုတ်ယဉ်ကျေးမှုပွဲတော်ကို ပါဝင်ဆင်နွှဲ၍ ဆောင်းတွင်းငါးများ ပေါပေါများများဖမ်းယူပြီး သဘာဝတရား၏ ပေးစွမ်းမှုများဖြင့် တာလီကန် (Dali Lake) ပွဲတော်ကြီးကို ဂုဏ်ပြုကျင်းပနိုင်ပေသည်။


ဆီးနှင်းများက တဝေဝေ၊ မြက်ခင်းလွင်ပြင်သားများနှင့် ဆုံစည်းလို့ရယ်၊ အတွင်းမွန်ဂိုးလီးယားဒေသ၏ ဆောင်းနေ့ရက်များတွင် ပျော်ရွှင်ဖွယ်သီချင်းနှင့် ရယ်မောသံများ ပြည့်နှက်နေပါသည်။


WeChat Image_20221221100344.png

WeChat Image_20221221100359.jpg